13

471 39 0
                                    

Chapter 13: ကျေးဇူးပြုပြီးသဝန်တိုပေးပါ

ရှီယန် က သူ၏အတွေးများကို သိပ်ပြီးမပြသောကြောင့် ဟွမ်ရှို့ ကလဲ ခံစားမိရုံသာရှိသည်။  မနက်ပိုင်းတုန်းက  သူ့ရဲ့အတွန့်တက်မှုတွေကြောင့် ရှီယန် စိတ်အနှောင့်အယှက်ဖြစ်နေသလားတောင်သူမသိတော့ဘူး။  ညနေ အိမ်ပြန်ပြီးရင် မေးမှဖြစ်တော့မယ်။

ဟွမ်ရဲ့ လည်း ဒီအခွင့်အရေးကို ယူပြီး စာအုပ်တချို့ ဝယ်လိုက်လေတယ်။  သူကသူ့ မုန့်ဖိုးနဲ့ ဝယ်ဖို့စိတ်အားထက်သန်နေခဲ့တာ။  ဟွမ်ရှို့ လည်း ဤတစ်ကြိမ်တွင်တော့သူ့ကို အနိုင်မယူနိုင်ခဲ့တော့ပေ။ အဲ့နားမှာ ငွေဒင်္ဂါးပြားတွေ ရေတွက်နေတာကို သူ စောင့်ကြည့်နေရုံသာတတ်နိုင်သည်။  သူကအနည်းငယ် သနားစရာ ကောင်းနေ၏။  ဒါပေမယ့်ဒါတွေက ဝယ်ရမလွယ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။  လမ်းခရီးတွင် ဟွမ်ရဲ့က အဲ့တာလေးတွေကိုခဏခဏမကြည့်ပဲမနေနိုင်ဘူး။ ဒါလေးတွေကတော်တော် အဖိုးတန်တယ်လေ။

“ဒုတိယထပ်က သိုလှောင်ခန်းကို စာကြည့်ခန်းသေးသေးလေးဖြစ်အောင် ပြောင်းကြည့်ရအောင် ဒါဆို ရုံးခန်းကိုလာပြီး စာအုပ်တွေ သီးသန့်ထားစရာ မလိုတော့ဘူးပေါ့... မင်းအတွက် စင်တစ်ခုဝယ်ရင်ရော ဘယ်လိုလဲ?" 

အပြန်လမ်း၌ ဟွမ်ရှို့ က မေးလေသည်။

"ကျွန်တော့်မှာစင်ပေါ်တင်ဖို့လောက်ထိ စာအုပ်တွေ အများကြီး မရှိပါဘူး" 

ဟွမ်ရဲ့ က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်လေသည်။

“နောက်ဆိုရောက်လာမှာပေါ့ကွာ  ဒါဆိုဆုံးဖြတ်လိုက်ပြီနော်” 

ဟွမ်ရှို့ က ဒါကအစီအစဥ်ကောင်းတစ်ခုလို့ ထင်လေတယ်။  အချိန်ကြာလာသည်နှင့်အမျှ အသစ်ဝယ်ထားသောအိမ်လေးမှာ မိသားစုတစ်စု၏သွင်ပြင်လက္ခဏာများနှင့် ပိုပိုပြည့်နှက်လာတော့သည်။

ကားမောင်းနေသော ရှီယန် က သူတို့ဘက်ကို တစ်ချက်လှမ်းကြည့်သော်လည်း ဘာမှပြန်မပြောပေ။

အိမ်ပြန်ရောက်သောအခါတွင်တော့ ရှီယန် က မီးဖိုချောင်တွင် ခဏတာ အလုပ်ရှုပ်နေလေ၏။  ဟွမ်ရဲ့က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသေးသောကြောင့် နံနက်ခင်းကိစ္စကို ပြောဖို့က အချိန်မတန်သေးဟု သူတွေးမိသည်။

ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Where stories live. Discover now