6 🚨

1.3K 44 0
                                    

Chapter 6 : ဟွမ်ရှို့ ရဲ့ဆုံးဖြတ်ချက်

-----

မကြာခင်မှာပဲ စကားဝိုင်းရဲ့ ဦးတည်ချက်က ဟွမ်ရှို့ ၏လက်ထဲသို့ ရောက်လာတော့သည်။ သူက အကြောင်းပြချက်များစွာကြောင့် အလျင်စလို ဆုံးဖြတ်ခဲ့တာ -- မလွှဲမရှောင်သာ ရောထွေးနေတဲ့ ကံကြမ္မာရဲ့ တိုက်ဆိုင်မှုတွေကြောင့် အစပိုင်းမှာ ကောင်းမွန်တဲ့ ခံစားချက်တစ်ချို့ရှိခဲ့တာရယ်၊ ပြန်ပေးဆပ်ချင်တဲ့ စိတ်နဲ့ ကိုယ်ချင်းစာစိတ်တွေလဲရောထွေးပြီးပါနေတယ်ပြောရမှာပဲ။ သူကပတ်ဝန်းကျင်ကြောင့်လွှမ်းမိုးခံလိုက်ရတာလဲဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီလူ့အဖွဲ့အစည်းမှာ Male Zerg တစ်ယောက်အနေနဲ့ ကိုယ်လုပ်တော် တစ်ဦးနှင့် လက်ထပ်ခြင်းမှာ ကြီးကြီးမားမားကိစ္စမဟုတ်ဟု ထင်ရသည်လေ။ ထို့​ကြောင့်​လဲ ဟွမ်ရှို့ က ဘာမှမတွေးနေတော့​ဘဲ အလိုက်သင့်စီးမြောခဲ့တာပင်​။

နောင်တွင်တော့ ၊ ဟွမ်ရှို့တစ်ယောက် သူဟာရှားပါးသော်လည်း ဒီစိတ်ရှိတ်ိုင်းလုပ်လိုက်တဲ့အရာက မှန်ကန်သော စီးမြောခြင်းတစ်ခုကိုလုပ်ခဲ့မိတာပဲဟု ထင်နေမိတော့မှာပင်။

ရှီယန် ကရူးနေတာမဟုတ်ဘူး။ ဒီလိုမျိုး ရုတ်တရက် 'ကောင်းသောအရာများ' ရောက်လာခြင်းကဒီနောက်ကွယ်မှာ မူမမှန်တဲ့အရာတစ်ခုရှိမရှိကို တွေးမိလာစေသော်လည်း ဒီအချိန်က သူ့ကလေးအတွက် အကျိုးရှိစေမည့် ရွေးချယ်မှုတစ်ခုကို သေချာပေါက် လုပ်မှဖြစ်မယ် -- ဘာလို့ဆို သူ့တွင် အခြားရွေးချယ်စရာမရှိသည်လေ။

ဟွမ်ကျီသျဲ့ရဲ့ နောက်ကွယ်မှ ယုတ်မာတဲ့ တွန်းအားပေးမှုမရှိတဲ့နောက်မှာတော့၊ ပိုမိုစွဲမက်ဖွယ်ကောင်းသော ဒီသတင်းကြီးက ဤအချိန်တွင်တော့ ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် လူမသိကြတော့ပေ။ သူတို့နှင့်ကွာရှင်းပြတ်စဲခံလိုက်ရတဲ့ Female Zerg က 'နောက်ထပ်အိမ်ထောင်ပြု' သွားကြောင်းကိုတော့ ရှီမိသားစုက သိရှိသွားပုံရသည်။ ဟွမ်ရှို့ ရဲ့ အချက်အလက်ကို စုံစမ်းပြီးနောက်မှာတော့ ဒီ Male zerg က သိပ်စိတ်ဝင်စားစရာမကောင်းတာ တွေ့ရတော့ သူတို့ထပ်ပြီးဂရုမစိုက်နေတော့ဘူး။ ဒါပေမယ့်လဲ ဒီကိစ္စက ဧရိယာသေးသေးလေးမှာ တော့ ပျံ့နှံ့နေတုန်းပါပဲ။

ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Where stories live. Discover now