10

340 43 0
                                    

Chapter 10: ရှောင်ဟွမ်ရဲ့

----

ဟွမ်ရှို့ ဖိနပ်ကိုချွတ်ပြီးနောက် အိမ်ထဲသို့ ၀င်သွားလိုက်တော့သည်။  ဧည့်ခန်းကို ဖြတ်သွားစဉ်၌ ဟင်းသီးဟင်းရွက်နှင့် အသားအချို့ကို မီးဖိုချောင်ဘုတ်ပေါ်တွင် တင်ထားပြီး တစ်ဝက်တစ်ပျက်လှီးဖြတ်ထားသည်ကို တွေ့လိုက်ရ၏။

"ရှီယန် ပြန်ရောက်ပြီလား?"

“အာ… ကျွန်တော်...အဲ့တာကကျွန်တော်ပါ…”

ဟွမ်ရဲ့ က သူ၏ ညံ့ဖျင်းသော ဖြတ်တောက်မှုစွမ်းရည်ကို မြင်ခံလိုက်ရသောကြောင့် ရှက်သွားပုံပင်။  သူကအရမ်းရှက်နေတာကြောင့် ခေါင်းငုံ့ပြီးပြောလိုက်လေတယ်။

"ကျွန်တော်ဖေဖေပြောတာက အဖေအိမ်အရင်ပြန်လာမယ်တဲ့လေ ကျွန်တော်အရင်ဆုံး တစ်ခုခုချက်ပေးကြည့်ချင်ခဲ့ပေမယ့် ဖြစ်ချင်တော့ ကျွန်တော်ကအဲ့နေရာမှာသိပ်မတော်ဘူးထင်ပါတယ်…”

ဟွမ်ရှို့ က အကြာကြီး အံ့သြသွားပြီးနောက်မှ ပြန်သွားကြည့်လိုက်ဖို့ သတိရလိုက်တော့သည်။  လှီးဖြတ်ထားတဲ့ အသီးအရွက်တွေအားလုံးကို သန့်စင်အောင် ဆေးကြောခံထားရ၏။  ၎င်းတို့ကို မတူညီတဲ့ အရွယ်အစားအမျိုးမျိုးသို့ ဖြတ်တောက်ခံခဲ့ရပြီး ၎င်းတို့က လုပ်ဆောင်ဆဲအခြေနေတစ်ခုဖြစ်ပုံပင်။  သူ သေသေချာချာကြည့်လိုက်တော့ ဟွမ်ရဲ့ က မနေ့ညက စားခဲ့တဲ့ မီနူးထဲက ပါဝင်ပစ္စည်းတွေကို ဘယ်လို မှာယူရမလဲဆိုတာကိုသိနေတာ သိလိုက်ရတယ်။

မနေ့ညက သူတို့ မှာထားတာက ဟွမ်ရှို့ ရဲ့ အကြိုက်ဆုံး အစားအစာ လို့ ကောင်လေးကမှားတွေးနေမိ ဖြစ်နိုင်လောက်တယ်။

ရှောင်ရဲ့ ၏ နားလည်မှုလွဲခြင်းကို မဖျက်ဆီးနေတော့ဘဲ ဟွမ်ရှို့ က ပြောလိုက်လေသည်။

"ဒါက ကောင်းတာပဲမဟုတ်ဘူးလား? ဘာလို့ အရမ်းကြီး စိတ်ပူနေတာလဲ?  စကားမစပ်၊ မင်းအသက်ဘယ်လောက်ရှိပြီလဲ? စားပွဲပေါ်ကို မင်းမှီတယ်ပေါ့?"

"ကျွန်တော် သေတ္တာပေါ်မှာ ရပ်လိုက်တော့ ပြဿနာမရှိပါဘူး" 

ဟွမ်ရဲ့ က အခိုင်အမာပြောလာလေသည်။

ဟွမ်ရှို့ က မရယ်ပဲမနေနိုင်တော့ချေ။  ဟွမ်ရဲ့ က အလွန်နာခံတတ်တာကြောင့် သူ့အား စိတ်ကျေနပ်စေရန် အတတ်နိုင်ဆုံးကြိုးစားခဲ့တာက သူ့အားအနည်းငယ်ဝမ်းနည်းပြီး ရင်ထဲထိမိသွားစေသည်။  သူက သေတ္တာကို တစ်ဖက်သို့ ရွှေ့လိုက်ပြီး ဟွမ်ရဲ့အားပြောလေ၏။

ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Where stories live. Discover now