2

910 58 0
                                    

Chapter 2 : အလုပ်သွားခြင်း

ဒီအချက်ကို လက်မခံနိုင်တာတော့ မဟုတ်ပါဘူး။ဒါပေမဲ့လဲ တစ်စုံတစ်ယောက်ကို သူတို့နှစ်သုံးဆယ်လောက်နေခဲ့တဲ့ ကမ္ဘာမြေကြီးက မရှိတော့ဘူးလို့ ပြောလာမယ်ဆိုရင်တော့ အကုန်လုံးက နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားကြမှာပဲလေ။
ဟွမ်ရှို့ က တစ်ညတာလုံးကို သူ့ရဲ့ခံစားချက်တွေကို ရှင်းလင်းဖို့အတွက်သာ သုံးခဲ့ရလေ၏။ သူက မနက်မိုးလင်းတဲ့အထိ နိုးထနေခဲ့ပြီးနောက် အရာအားလုံးကို စီမံနိုင်ခဲ့တော့သည်။

အဲလိုပြောတာက ဆိုးဝါးတယ်ဆိုပေမဲ့လဲ မူလပိုင်ရှင်က သူ့ရဲ့ဘဝကို အရှုံးပေးလိုက်တဲ့အတွက် သူအရမ်းကိုကျေးဇူးတင်မိတယ်။ ဒီလိုမျိုး သက်တောင့်သက်သာရှိပြီး တည်ငြိမ်တဲ့ဘဝတစ်ခုမှာ ပြန်နေရမယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့မိဘူးလေ။ မူလပိုင်ရှင်ရဲ့အတိတ်မှတ်ဥာဏ်ကို ဆက်ခံပြီးတဲ့နောက် ဒီလိုကောင်းမွန်တဲ့ဘဝလေးမှာ နေနိုင်တာကို သူအရမ်းကိုဝမ်းသာမိတယ်။

နေက ပြတင်းပေါက်ကနေ စတင်ထွက်လာပြီဖြစ်တာကြောင့် တစ်ညလုံးအလုပ်လုပ်နေခဲ့တဲ့ ဟွမ်ရှို့ ရဲ့ ဦးနှောက်ကလဲ နေလို့မကောင်းတော့ဘူး။ ကံမကောင်းစွာနဲ့ သူက တစ်နေ့လုံးအိပ်ဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူက – သူ့မှာမှတ်ဉာဏ်တစ်ခုရှိတယ်။ ပြီးတော့ အဲဒီမှတ်ဉာဏ်ကပြောနေတာက သူ့မှာအလုပ်တစ်ခုရှိတယ်။ ပြီးတော့လဲ ဒီနေ့က အဲဒီအလုပ်လုပ်ရမဲ့နေ့တဲ့။

ပြောရမယ်ဆိုရင် ဘယ်သူကများ သူတို့ရဲ့ပထမဆုံး ဝိညာဉ်ကူးပြောင်းတဲ့နေ့မှာပဲ အိတ်ကလေးသယ်ပြီး အလုပ်သွားလုပ်ချင်ပါ့မလဲ?

ကံကောင်းစွာနဲ့ သူ့ရဲ့ဝမ်းကွဲတွေအားလုံးက နေထွက်တဲ့အထိ မထတဲ့သူတွေဖြစ်ကြတယ်။ ဟွမ်ရှို့ က အေးအေးချမ်းချမ်းပဲ မနက်စာစားလိုက်သေးသည်။ သူက ဘေးအဆောက်အဦးမှာ တစ်ယောက်တည်း စားနေတဲ့အချိန်မှာ သူ့ဘေးက Zerg အစေခံတွေကို သတိထားကြည့်မိတယ်။ Zerg အများစုက သူ့ကိုဂရုမစိုက်ဘူးဆိုပေမဲ့လဲ လေးစားနေကြတုန်းပဲဆိုတာကို သူသတိထားမိတယ်။ အမှန်ပဲ။ သူ့ရဲ့နာမည်က ဟွမ်ဖြစ်နေပြီးတော့ အနည်းဆုံးတော့ သူက ဒီမိသားစုဝင်ဖြစ်နေတဲ့အပြင် တန်ဖိုးရှိတဲ့ Male Zerg တစ်ယောက်ပဲလေ။ ဟွမ်ရှို့ က မူလပိုင်ရှင်က အရမ်းကို ခေါင်းမာလွန်းတယ်လို့ခံစားရတယ်။ သူက သူ့ရဲ့ကံကြမ္မာဆိုးကို မီးမောင်းထိုးပြဖို့အတွက် သူ့ရဲ့ဝမ်းကွဲနဲ့ သူ့ကိုယ်သူယှဉ်နေခဲ့တာလေ။ ဘယ်လိုပဲဖြစ်ဖြစ်  ဘာမှဆုံးရှုံးစရာမရှိတော့တဲ့ ဟွမ်ရှို့ လို လူအတွက်ကတော့ ဒီလိုဆက်ဆံမှုက ဘာမှ စိတ်မကျေနပ်စရာ မကောင်းလှပါဘူး။

ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Where stories live. Discover now