Chapter 3 : နောက်တစ်ကြိမ်ထပ်တွေ့ခြင်း
----
"မင်းမိဘတွေကို မင်းစောင့်နေတာလား?"
ဟွမ်ရှို့ က မေးလိုက်လေသည်။
ငယ်ရွယ်တဲ့ zerg လေးက ခေါင်းညိတ်လိုက်လေ၏။
"ကျွန်တော်ရဲ့ ဖေဖေက သူဒီနေ့ နည်းနည်းလေးနောက်ကျမှ လာလိမ့်မယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်..."
" အခု ငါမင်းကိုတွေ့ပြီဆိုတော့ ငါက ကောင်းမွန်တဲ့ zerg တစ်ယောက်လုပ်ပြီး မင်းဖေဖေလာတဲ့အထိ စောင့်နေပေးမယ်လေ ခုနကလိုမျိုး အတန်းဖော်တွေနဲ့ တွေ့မယ်ဆိုရင် မကောင်းဘူး မဟုတ်လား?"
ဟွမ်ရှို့ က နံရံထောင့်နားကလေးမှာ ငယ်ရွယ်တဲ့ zerg လေးက မလှုပ်မရှားရှိနေသေးတာကိုမြင်တော့ သူ့ကို အနားလာဖို့အတွက် ဖိအားမပေးတော့ပါချေ။ အဲ့အစား သူက သူ့ဘေးနားမှာ အတူတူဆောင့်ကြောင့် ထိုင်ချလိုက်လေ၏။
" မင်းနာမည် ငါကိုပြောလို့ရလား?"
ငယ်ရွယ်တဲ့ zerg ကလေးက စိတ်လှုပ်ရှားနေပုံပေါ်ပြီး ပြောလိုက်လေသည်။
" ရှီ...ရဲ့..."
" အဲ့တာက ညဘက်ဆိုတဲ့ စကားလုံးလား? ဘာကိုဆိုလိုတာလဲ?"
" ညဘက်မှာ မွေးဖွားတယ်..."
ဟွမ်ရှို့ က ပြောစရာစကားမဲ့သွားတော့သည်။ ဒါက...
တကယ်ကြီးကို မေ့လို့မရနိုင်မဲ့ နာမည်မျိုးပဲ...
ငယ်ရွယ်တဲ့ Zerg ကလေးက ရှီရဲ့လို့ခေါ်ပြီး ဟွမ်ရှို့ကို နေရောင်အောက်၌ မကြာခဏဆိုသလို လှည့်လှည့်ကြည့်နေတော့သည်။ ရှီရဲ့ က ငယ်သေးတယ်ဆိုရင်တောင်မှ ဟွမ်ရှို့ရဲ့ အသားအရည်က တခြား Zerg တွေလိုမျိုး အစင်းကြောင်းတွေ ထူးထူးခြားခြားမရှိတာကြောင့် သူက ဟွမ်ရှို့ ဟာ Male Zerg တစ်ယောက်ဖြစ်တယ်ဆိုတာကို သိလေတယ်။
သူတို့ရဲ့ မူလတန်းကျောင်းက ဆရာတွေ အများစုက Inferior Female တွေချည်းပဲ။ သူ့ရဲ့ အတန်းဖော် အနည်းစုကသာ Male Zerg တွေရှိတာ။ သူသိသမျှလူတွေအားလုံးက အရမ်းကိုမြင့်မားပြီးတော့ အာဏာရှိတဲ့ပုံပေါ်ပြီး ကိစ္စသေးသေးလေးတွေမှာ ဘယ်တော့မှ ဝင်ပါလေ့မရှိကြဘူး။ သူမှတ်မိသလောက်ကတော့ သူ့ရဲ့ Male Zerg အဖေကလွဲရင် ဒါကပထမဆုံးအကြိမ် တခြား Male Zerg တစ်ယောက်က သူ့ကို စကားပြောခဲ့တာပဲ။
YOU ARE READING
ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
RomanceCompleted In Paid ✅ 虫族之归家 Author - 哼哼 45 Chapters + 12 Extras