Chapter 11 : ဟွမ်ရဲ့အတွက်မှတ်ပုံတင်ပေးခြင်း
---
ရှီယန်က သူ့ကိုယ်သူ ဖော်ပြတဲ့နေရာမှာ မတော်တာကြောင့် သူတို့ရဲ့စကားတွေကြားထဲမှာလဲ နားလည်မှုလွဲတာတွေ အများကြီးရှိတယ်ဆိုပေမဲ့ ရှီယန်ရဲ့ personality က သူ့ရဲ့ များစွာသောအပြုအမူတွေပေါ် မူတည်ပြီး ခန့်မှန်းလို့ရလေသည်။ ဒီလိုမျိုးအနေအထားနဲ့ ရှီယန်နဲ့ တိုတောင်းတဲ့နေ့ရက်တစ်ခုကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ တစ်ဖက်လူက သူတို့ရဲ့ဆက်ဆံရေးကြားကို နက်ရှိုင်းတဲ့နားလည်မှုတစ်ခုရအောင်လို့ အာရုံစိုက်ဖို့ သင့်တော်ပါသေးတယ်လို့ ခံစားရလေ၏။
ဟွမ်ရှို့ က သာမန်အတိုင်း အင်တာနက်သတင်းကို ကြည့်နေတဲ့အချိန်မှာ ရှီယန်က တရွေ့ရွေ့ လျှောက်သွားနေတော့သည်။ ဒါကြောင့်လဲ ရှီယန် ကို ဟွမ်ရှို့ က ပုံမှန်အားဖြင့် အချိန်တွေ ဘယ်လိုကုန်ဆုံးလဲဆိုတာကို မေးလိုက်မိ၏။
ရှီယန် က တွေးလိုက်ပြီးနောက် သူက သာမန်အားဖြင့် အမြဲတမ်းလေ့ကျင့်နေတာဖြစ်တာကြောင့် အားလပ်ချိန်ဆိုတာက နည်းသည်ဟုဆိုသည်။ သူပြောတာက ဒဏ်ရာရပြီးကတည်းက သူက အနားယူဖို့အတွက် အပြင်ထွက်ခဲ့တယ်။ သူက သာမန်အားဖြင့် ပန်းခြံထဲမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် မြစ်နားမှာထိုင်ပြီး တွေဝေနေတာပဲဖြစ်ဖြစ် လုပ်လေ့ရှိတယ်တဲ့။ဟွမ်ရှို့ က ပြောလေသည်။
“ အိုး ဒါဆိုရင် ကိုယ်တို့တွေ ပထမဆုံးတွေ့တဲ့နေ့တုန်းက မင်းက အဲ့နားမှာ အနားယူနေခဲ့တာပေါ့”
“ အဲဒါက ကျွန်တော်အဲ့တုန်းက အိမ်ငှားခကို ပေးဖို့အရမ်းနီးကပ်နေပြီး ကျွန်တော်ကလဲ တော်တော်လေး အဆင်မပြေနေခဲ့ဘူး။ အဲ့နေ့တုန်းက ကျွန်တော်က သာမန်အတိုင်းပြေးနေတုန်း ခင်ဗျားကို အဝေးကနေလှမ်းတွေ့လိုက်တာ”
ဟွမ်ရှို့ က ခဏလောက်ရပ်သွားပြီးနောက် မေးလိုက်လေ၏။
“ ကိုယ်ဘယ်လိုလုပ်ပြီး ရေထဲပြုတ်ကျသွားတယ်ဆိုတာ မင်းမသိချင်ဘူးလား?”
ရှီယန်က အနည်းငယ်တွေဝေပြီးနောက် ပြောလာခဲ့လေသည်။
“ နည်းနည်းပေါ့”

ВЫ ЧИТАЕТЕ
[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
Любовные романыGong MC,Zerg,1v1 Name - Home of The Zerg [虫族之归家] Author - 哼哼 45 Chapters + 12 Extras