9

1.1K 107 0
                                    

Chapter 9: အလုပ်ပြန်တက်ခြင်း

နောက်တစ်နေ့မနက်စောစော၌ 8:30 နှိုးစက်ကြောင့် နိုးလာသော ဟွမ်ရှို့ က မျက်နှာကျက်ကို စက္ကန့်အနည်းငယ်ကြာအောင် ဦးစွာကြည့်ပြီးနောက် မနေ့ညက အဖြစ်အပျက်ကို သတိရသွားပြီး သူ့ဘေးနားသို့ ချက်ချင်းလှည့်ကြည့်လိုက်လေသည်။

အဲဒီမှာ တစ်ယောက်မှ မရှိနေဘူး။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ဟွမ်ရှို့ က ထိုစောင်ပေါ်၌တစ်စုံတစ်ယောက်အိပ်သွားသောခြေရာလက်ရာများ ရှိနေကြောင်း မြင်လိုက်ရတာကြောင့် ရှီယန် စောစောနိုးသွားတယ်လို့ လျင်မြန်စွာ သဘောပေါက်သွားခဲ့၏။ သူက စစ်ဌာနချုပ်ကိုအရင် သွားနှင့်တာများလား?  နှိုးစက်နာရီကိုပိတ်ပြီးနောက်မှာတော့ ရှီယန် က သူ့ကို ဒီမနက် အလုပ်ပို့ပေးဖို့ ကမ်းလှမ်းခဲ့တာကို ဟွမ်ရှို့ သတိရလိုက်တယ်။  သူကဒီလိုကိစ္စမျိုးကို မေ့လောက်မှာမဟုတ်ဘူးလို့ထင်တာကြောင့် အိပ်ရာကနိုးပြီးတာနဲ့ ရှောင်ယဲ့ ကိုတွေ့ဖို့၊ ဒါမှမဟုတ် အောက်ထပ်ကို အရင်ဆင်းသွားတာပဲ ဖြစ်နိုင်တယ်။

အမြန်ရေချိုးပြီးနောက် ဟွမ်ရှို့ က သူ့လည်စည်းကိုချည်ပြီးနောက် အောက်ထပ်သို့ဆင်းသွားခဲ့တော့သည်။  ဒုတိယထပ်ရှိ ရှောင်ယဲ့ ၏အခန်းကို ဖြတ်သွားသောအခါတွင်တော့ အတွင်း၌ ဘာသံမှမကြားရတော့ဘဲ ကလေးက ထိုနေရာတွင် ရှိနေသေးလားဟုပင် တွေးမိသည်။  ဒါနဲ့ သူက အောက်ထပ်ကို ဆင်းကြည့်မိတယ်။

ရလဒ်အနေနဲ့ နှစ်ယောက်လုံးကအောက်ထပ်တွင်ရှိနေကာ မနက်စာကလဲ စားပွဲပေါ် မှာအဆင်သင့်ပင်။

“……”

ဟွမ်ရှို့ အနည်းငယ် အံ့သြသွားရသည်။  ဒါက တကယ်ကို 'ပျော်ရွှင်စရာ' ဘဝအောင်ပွဲခံတဲ့ မြင်ကွင်းပဲမဟုတ်လား။

သို့သော်လည်း ဒီမှာရှိနေတဲ့လူတွေက တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုသိပ်မရှိကြသောကြောင့် အနည်းငယ်တော့ မူမမှန်ပါသေးချေ။

“Master... ကျွန်တော် မနက်စာ ချက်ထားတယ်  ကြိုက်မလားတော့ မသိဘူး အရင်ဆုံးစမ်းကြည့်လိုက်ပါနော်" 

[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Onde histórias criam vida. Descubra agora