4

1.1K 91 0
                                    

Chpater 4 : ဟွမ်ကျီသျဲ့ရဲ့ 'Prank'

--------

ဟွမ်ရှို့ က ရှီယန်ရဲ့ဘဝက ဘယ်လိုလဲဆိုတာ မသိပေမဲ့လဲ အချိန်တိုအတွင်းမှာပဲ ဟွမ်ရှို့ ရဲ့ဘဝကတော့ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်နေခဲ့ပြီ။

အရင်ရက်ကနောက်ကျသွားတာကြောင့်မို့လို့ ဟွမ်ရှို့ က မနက်ပိုင်း သူ Lab ကို မသွားခင်အချိန်မှာ ဆံပင်ညှပ်ဆိုင်ကို ဝင်ခဲ့လေသည်။ သူ သုတေသနခန်းကို ဝင်တဲ့အချိန်မှာတော့ သူ့ရဲ့ စတိုင်လ်အသစ်က ကြီးမားတဲ့ အံ့ဩမှုတွေကို တကယ်ကြီး ဖြစ်ပေါ်စေခဲ့တယ်လေ။ ဟွမ်ရှို့ က တခြား zerg တွေနဲ့ နီးစပ်နိုင်မဲ့ အခွင့်အရေးကို ယူလိုက်ပြီးနောက် သူ့ရဲ့ညီလေးကို သူ့ဆီရောင်းချင်နေတဲ့ ခါ့ချ် ဆီကနေ နောက်ထပ်စိတ်အားထက်သန်မှုကို ရလိုက်လေတယ်။

မူလပိုင်ရှင်က တကယ်တော့ စာအုပ်ကြီးသမားပဲ။ မဟုတ်ဘူးဆိုရင် သူက ဒီလိုစိတ်ပျက်စရာကောင်းတဲ့ personality လိုမျိုးနဲ့ ဒီလိုအလုပ်မျိုးကို ရခဲ့မှာ မဟုတ်ဘူး။ အခု ဟွမ်ရှို့ ရဲ့ ပုံစံမျိုးနဲ့ဆိုရင် သူက ရေထဲက ငါးတစ်ကောင်လိုမျိုးပဲ။ သူက နှစ်ပတ်တစ်ခါလုပ်ရတဲ့ သင်ကြားရေးလက်ထောက် လုပ်နေတုန်းမှာပင် ပရော်ဖက်ဆာ ရဲ့ စိတ်ကျေနပ်မှုကို ခပ်မြန်မြန်ပဲ ရလိုက်၏။ သူက ဒီအကြောင်းပြချက်တွေအားလုံးကို 'အခုမှပဲလုပ်သင့်လုပ်ထိုက်တာကိုရှာတွေ့သွားတယ်' တို့  'အချစ်နာကျပြီးတဲ့နောက်မှာ တက်ကြွသွားတယ်' တို့ဆိုပြီး နာမည်တပ်လိုက်လေတယ်။

အဲ့တာက စိတ်ပျက်စရာကောင်းတယ်ဆိုပေမဲ့လဲ ဘယ်သူကမှ ဒီအကြောင်းပြချက်တွေကို ဂရုမစိုက်ကြဘူး။ နောက်ပြီး သူက အခုဆို ကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်နေပြီ။ အဲ့တာကတင် သူရဲ့ သာမန်လုပ်ဖော်ကိုင်ဖက်တွေ ၊အထက်လူကြီးတွေနဲ့ သူတို့အပေါင်းအပါတွေကို သိစေဖို့ လုံလောက်တယ်။

ကံကောင်းစွာနဲ့ မူလပိုင်ရှင်မှာ နီးစပ်တဲ့သူငယ်ချင်းမျိုးတွေ မရှိခဲ့လို့ပေါ့။ မဟုတ်ရင် ပြောင်းလဲသွားမှုကို ထုတ်ဖော်ခံလိုက်ရနိုင်တယ်။ သူက တစ်စုံတစ်ယောက်ပုံစံ ဟန်ဆောင်နေစရာမလိုဘဲ သာမန်အတိုင်း နေလို့ရတယ်ဆိုတာ အရမ်းကို ကံကောင်းတယ်လို့ ခံစားရသည်။

[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ