Part 9 :
“အရင်ဆုံးနီးစပ်ရာဆေးပေးခန်းကိုသွားကြတာပေါ့ကွာ.”
ချန်းယွမ်မုက မြေပြင်ပေါ်မှမနည်း မတ်တတ်ထရပ်လိုက်ရလေသည်။ ဒီလို ဒဏ်ရာမျိုးတွေက သူ့အတွက်တော့ အတော်လေး အဖြစ်များတာမျိုးပါပဲ။ သူတို့ဆေးရုံတက်ရင် သေချာပေါက် သူတို့ရဲ့အုပ်ထိန်းသူတွေကို တိုက်ရိုက်ဆက်သွယ်ခံရနိုင်တာကြောင့် ဒီကိစ္စကို သူ့မိဘတွေဆီ မရောက်စေချင်ဘူးလေ။
ကောင်းတဲ့အချက်ကတော့ သူတို့အားလုံး အပေါ်ယံဒဏ်ရာတွေပဲရသွားလို့ပေါ့။ ခါ့ချ်က အငှားကား ခေါ်ပြီး ၎င်းတို့၏ဒဏ်ရာများကို ကုသရန် အနီးနားရှိ ဆေးခန်းငယ်တစ်ခုသို့ သွားခဲ့လေသည်။ ချန်းယွမ်မု နှင့် ချီလင်းချောင်တို့က ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့သောကြောင့် ၎င်းတို့ကို ဂရုစိုက်မှုအနည်းငယ်ဖြင့်ပင် အမြန်ကုသနိုင်ခဲ့လေသည်။ ထို့အပြင်၊ ၎င်းတို့က လျင်မြန်စွာ ပြန်လည်ကုသနိုင်စွမ်းရှိသော Zerg များဖြစ်ကြလေတယ်။ ဒါကြောင့် သုံးရက်အတွင်း ပြန်ကောင်းလာမယ်လို့ ဆရာဝန်က ပြောလေ၏။
ယိယိရဲ့ဒဏ်ရာတွေကတော့ ပိုပြင်းထန်သည်။ ဆရာဝန်က သူနာပြုကို သူ့မျက်နှာက သွေးထွက်နေတဲ့ ဒဏ်ရာတွေကို ပိုဂရုစိုက်ဖို့နဲ့ပိုးသတ်ဆေးထည့်ဖို့ ညွှန်ကြားခိုင်းလေတယ်။ သူက ရေခဲတစ်ထုပ်လဲ ပေးပြီး ဧည့်ခန်းမှာ အနားယူခိုင်းလေ၏။
“မင်းခြေထောက်ခေါက်သွားပေမဲ့လဲ အရေးကြီးတဲ့ဟာတော့မဟုတ်ပါဘူး ဒီမှာခဏလောက်နားပြီးရင် ပြန်လည်ထူထောင်ဖို့လုပ်ရုံပဲ သက်သာဖို့အတွက်တစ်ပါတ်လောက်တော့ကြာမှာ ကောင်းကောင်းအနားယူဖို့လိုတယ်နော်.”
တစ်ယောက်နဲ့တစ်ယောက် ပြောစရာတွေ အများကြီးရှိနေတာကို ဆရာဝန်ကမြင်တော့ သူဟာ စောင့်ဆိုင်းခန်းကို ပြန်မသွားခင် သူတို့ကို ခြံဝန်းကိုအသုံးပြုလို့ရတယ်လို့ပြောသွားခဲ့လေသည်။
ရပ်ရွာထဲရှိ ဆေးခန်းငယ်များ၏ အဆောက်အဦများက အခြေခံအားဖြင့် အလွန်ပင် နည်းပါးပြီး လုပ်နိုင်စွမ်းလည်းနည်းပါးလှသည်။ ယိယိက ခေါက်လို့ရတဲ့ဆေးရုံကုတင်ပေါ်တွင် ဘေးတိုက်ထိုင်နေကာ ကျန်သုံးယောက်မှာတော့ ပလပ်စတစ်ခုံများပေါ်တွင် ထိုင်နေကြလေ၏။

ESTÁS LEYENDO
[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
RomanceGong MC,Zerg,1v1 Name - Home of The Zerg [虫族之归家] Author - 哼哼 45 Chapters + 12 Extras