Part 8 :
“ငါတော့သေချာပေါက်အမုန်းခံရတော့မှာပဲကွာ”
ချီလင်းချောင် က စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ် လဲကျသွားတော့သည်။ အဲဒီနောက်ပိုင်း ခါ့ချ် နဲ့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ သူမသိတော့ဘူး။ သူတံခါးရှေ့သွားပြီး ဒူးထောက်တောင်းပန်ရင် အသုံးဝင်လောက်မလား။
သူစိတ်ပျက်လက်ပျက်နဲ့ ဟိုလှိမ့်ဒီလှိမ့်လုပ်နေပြီး ညစာစားဖို့တောင် စိတ်ပါတော့ချေ။ ရုတ်တရက် commmunicator တုန်ခါသွားတာကြောင့် ချီလင်းချောင်လည်း ချက်ချင်း ဆောင့်ကြောင့်ထထိုင်ကာ ဝင်လာသောမေးလ်ကို အပြေးအလွှားစစ်ဆေးလိုက်တော့သည်။
“မင်းဒေါသထွက်နေတုန်းလား?”
အဲ့တာက ခါ့ချ် ဆီကပဲ။
ခါ့ချ်ကသူ့ကိုဆက်သွယ်ချင်နေသေးတုန်းပဲဆိုတာသိတော့ ချီလင်းချောင်လဲချက်ချင်း စိတ်လှုပ်ရှားသွားတော့၏ :
“ငါဒေါသမထွက်ပါဘူး!”
ခါ့ချ်, သူ့အိမ်မှာနေနေရင်းနဲ့ပဲ အနောက်ဘက်က ! က တစ်ဖက်လူရဲ့ ဖုံးကွယ်ထားတဲ့မကျေနပ်မှုတွေလို့ အော်တိုယူဆလိုက်လေတော့သည်။
ဒါဆိုသူကဒေါသထွက်နေတုန်းပဲ!
“မင်းစာမသင်ချင်လဲရပါတယ်.”
သူ့အဖြေကို စဉ်းစားပြီးနောက် ခါ့ချ် reply ပြန်လိုက်လေတယ်။ သူ့ရဲ့မျှော်လင့်ချက်တွေဟာ တစ်ဖက်သားရဲ့ပခုံးပေါ်မှာ မမျှော်လင့်ပဲ ဝန်ထုပ်ဝန်ပိုးဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ သေချာစဉ်းစားကြည့်တော့လဲ ကျောင်းအတူမတက်နိုင်တော့ဘာဖြစ်လဲ? သူတို့ အတူနေနိုင်ကြသေးတာပဲလေ။
သို့သော်လည်း ဤစာကြောင်းက ချီလင်းချောင် ၏မျက်လုံးထဲမှာတော့ ကန့်လန့်ကြီးဖြစ်နေ၏။
“ဘာလဲကွာ? သူကအခုကျ ငါ့ကိုစိတ်မရှည်တော့ဘူးပေါ့,”
ချီလင်းချောင်က ပြောလိုက်ပြီးနောက် စိတ်ဆင်းရဲခြင်းကြီးစွာဖြင့်နံရံနဲ့ ခေါင်းကိုတိုက်နေလေတော့တယ်။
ခါ့ချ် က အချိန်အတော်ကြာအောင် စောင့်ခဲ့ပေမယ့်လည်း တုံ့ပြန်မှုမရခဲ့တာကြောင့် သူတကယ် ဒီကိစ္စကို နောက်တစ်ကြိမ် ထပ်မပြောပြသင့်ဘူးလို့ တွေးပြီး ကြမ်းပြင်ပေါ်မှာ အရှုံးပေးစွာ ထိုင်ချလိုက်တော့သည်။

ESTÁS LEYENDO
[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
RomanceGong MC,Zerg,1v1 Name - Home of The Zerg [虫族之归家] Author - 哼哼 45 Chapters + 12 Extras