Chapter 5: ရှီယန့်ကိုရှာဖွေခြင်း
-----
ဟွမ်ရှို့ က လူကောင်းတစ်ယောက်ဖြစ်နေဆဲပါပင်။ အရင်က ဟွမ်ကျီသျဲ့ က သူ့အကြောင်း အတင်းအဖျင်းတွေ ဖြန့်ခဲ့ပေမဲ့လည်း အခုသူက ဟွမ်မိသားစုဆီကနေ တစ်ယောက်တည်းနေချင်တာကြောင့် ထွက်လာခဲ့တယ်ဆိုတဲ့ သတင်းကို ဖြန့်ပေးလိုက်လေတယ်။ Zerg တစ်ချို့က မိသားစုခေါင်းဆောင်က သူ့ကို ရက်စက်ကြမ်းကြုတ်စွာ အိမ်ထဲကနေ မောင်းထုတ်ခဲ့တာများလားလို့ ထင်နေကြပေမယ့်လည်း ယေဘုယျအားဖြင့်တော့ ဒီဒရမ်မာကို ကြည့်နေတဲ့ Zerg အများစုက ဟွမ် မိသားစုနဲ့ ဟွမ်မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူးဆိုတာ သိသွားကြတာပေါ့။
ဒီကိစ္စကို သိသွားတဲ့ မိသားစုခေါင်းဆောင် ကတော့ ဟွမ်ရှို့ ဟာ အလွန်သိတတ်တယ်လို့ ခံစားမိတဲ့အတွက် စိတ်ကောင်းဝင်နေလေတယ်။ သူက ဟွမ်ရှို့ ကို သူ့နာမည်နဲ့ အိမ်ခြံမြေတွေအပြင် မုန့်ဖိုးတွေ အများကြီး ပါ ရက်ရက်ရောရော ပေးခဲ့လေ၏။ ဟွမ်ရှို့ က မိသားစုခေါင်းဆောင် ကအရမ်းချစ်တတ်တဲ့ ဆွေမျိုးတစ်ဦးလိုမျိုး သရုပ်ဆောင်နေတာလား ဒါမှမဟုတ် သူကအသိတရားရှိခဲ့မိသည့်အတွက် သူ့ကို ဆုချနေတာလားကို မသိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ပြတ်ပြတ်သားသား စိတ်နဲ့ပဲ သူဒါတွေကို လက်ခံခဲ့ပြီး ထိုအချိန်မှစ၍ သူတို့ကြားရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
မုန်တိုင်းက မကြာခင်မှာပဲ ပြီးသွားတော့တယ်။ တကယ်တော့ အစကတည်းက ဒီအဖြစ်အပျက်ရဲ့ အာရုံစိုက်မှုက 'ဟွမ်ရှို့ ရဲ့တွဲဖက်က တကယ်တော့ ကွာရှင်းခံထားရတဲ့ ကိုယ်လုပ်တော်တစ်ယောက်ပါပဲ' ဆိုတဲ့ကိစ္စပဲလေ။ ဟွမ်ရှို့ ကဒီစိတ်ပျက်စရာကောင်းတဲ့ တွဲဖက်ကို ချက်ခြင်းငြင်းဆိုလိမ့်မယ်လို့ လူတိုင်းက သေချာနေကြတယ် -- ဒီလိုဆက်ဆံရေးလေးရှိရုံနဲ့တင် သူ့ကို ဟာသတစ်ခုဖြစ်လာစေရန် လုံလောက်သည်လေ။
အိမ်ထောင်ရေးဌာနမှ ဝန်ထမ်းများက ဤတွဲဖက်မှာ အခုထိ တုံ့ပြန်မှုကို စောင့်မျှော်နေရဆဲဖြစ်ကြောင်း တွေ့မြင်ရချိန်၌ အံ့အားသင့်ခဲ့ကြရလေသည်။ ဘယ်လို Male Zerg မဆို ဒီလိုကိစ္စကိုမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင် ရွံလွန်းလို့ ကလစ်တစ်ချက်နှိပ်ရုံနဲ့တင် ချက်ချင်း ငြင်းပယ်လိုက်ကြမှာလေ။ သူတို့က လူကိုယ်တိုင်လာရောက်ရန်ပင်မလိုအပ်ဘဲ အွန်လိုင်းကနေဖောင်အနည်းငယ်ဖြည့်ပြီး ပေးပို့ရုံသာဖြစ်သည်။ ဒါပေမယ့် ဒီဖောင်က အပြောင်းအလဲမရှိဘဲ ရက်အနည်းငယ်ကြာအောင် တည်ရှိနေခဲ့တယ်။

YOU ARE READING
[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
RomanceGong MC,Zerg,1v1 Name - Home of The Zerg [虫族之归家] Author - 哼哼 45 Chapters + 12 Extras