Chapter 17 : ရှီယန်ရဲ့သူငယ်ချင်းများ
--------
ရှီယန် သွားပြီးမေးလိုက်တဲ့အခါမှာတော့ သူ့သူငယ်ချင်းက ရက်အနည်းငယ်လောက်ပဲပြန်လာပြီး မကြာခင်ထွက်သွားဦးမှာတဲ့လေ။ အဲ့တာကြောင့်မို့လို့ သူတို့တွေ တွေ့ရမဲ့အချိန်ကို ခပ်မြန်မြန် လုပ်ဖို့လိုလေတယ်။ တကယ်တမ်းကျတော့ တစ်ဖက်လူက သူ့ဆီ လာလည်ချင်ခဲ့ပေမဲ့လဲ ရှီယန် က ခပ်မြန်မြန် ပြန်လည်လက်ထပ်ခဲ့တာကြောင့် ဟွမ်ရှို့က သဘောမကျမှာကြောက်ပြီး သူလဲ အခွင့်အရေးမယူချင်ခဲ့ပေ။
အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ဟွမ်ရဲ့က သူ့ကို မော့ကြည့်ပြီး ရှီယန် ကို မေးလေသည်။
“ အဲ့တာက အန်ကယ်လန်လားဟင်?”
“ အင်း အဲ့တာဟုတ်တယ်။ မင်း သူ့ကို မှတ်မိသေးလား?”
“ ဟုတ်”
ဟွမ်ရဲ့က ပြောပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
“ သူ ကျွန်တော့်ကို အနံ့ဆိုးတဲ့ သကြားလုံးတွေ ယူလာပေးဖူးတယ်လေ”
ရှီယန်က ရယ်နေ၏။ သူ့သူငယ်ချင်းက သူ့လိုပဲ။ ဘဝနဲ့ပတ်သက်ပြီး ဘာခံစားချက်မှမရှိဘဲ ကလေးတွေကိုချော့တဲ့နေရာမှာလဲ မတော်ဘူးလေ။ သူ ပထမဆုံးတွေ့တုန်းက ဝယ်လာခဲ့တဲ့လက်ဆောင်က ဟွမ်ရဲ့အတွက်တော့ တော်တော်ကို လေးနက်တဲ့အမြင် ပေးနေခဲ့တာ။
“ ဒါဆိုရင်လဲ တခြားတစ်ယောက်ကိုပါ လာဖို့အတွက် ကျွန်တော်ဖိတ်လိုက်မယ်နော်။ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့နှစ်ကြိမ်လောက် ဧည့်ခံနေရမှာ…”
“ မင်းကြိုက်သလိုသာလုပ်ပါကွာ”
နောက်ထပ်မေးမနေတော့ဘဲ ဟွမ်ရှို့ က ဒီစာကြောင်းနဲ့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်ချက်ချပေးလိုက်လေတော့သည်။
ဟွမ်ရှို့ က စိတ်ပူနေတဲ့ ရှီယန်ကိုသာ အရာအားလုံး ပုံအပ်ထားလိုက်တော့တယ်။ သူက ကလေးဘဝတည်းက မိဘမဲ့ဂေဟာမှာ နေခဲ့ရတာ။ စစ်ရုံးကိုထဲဝင်ပြီးတဲ့နောက် သူအဆောင်ထဲမှာ နေခဲ့တယ်။ သူ့ရဲ့ အရင်အိမ်ထောင်နဲ့တုန်းကဆိုရင် သူက ကောင်းကောင်းမွန်မွန်တည်ဆောက်ထားတဲ့ နိုင်ငံခြားအိမ်ပုံစံကြီးထဲမှာ နေခဲ့ရတာ။ သူ့အတွက်တော့ အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်သည်ကို လက်ခံရတာ ဒါပထမဆုံးအကြိမ်ပဲ။ ရှီယန် က ပိတ်ရက်မှာ မအားဘဲ Zerg နှစ်ယောက်ကိုလဲ ညှိနှိုင်းမရနိုင်ဘဲရှိနေတာကြောင့် ဖွင့်ရက်မှာသာ ညစာစားဖို့ ဖိတ်လိုက်လေသည်။ ကံကောင်းစွာနဲ့ သူက လက်ထောက်နည်းပြတစ်ယောက်အနေနဲ့သာ နေရာရခဲ့တာကြောင့် အရမ်းကြီး အလုပ်များမနေဘူး။

ESTÁS LEYENDO
[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
RomanceGong MC,Zerg,1v1 Name - Home of The Zerg [虫族之归家] Author - 哼哼 45 Chapters + 12 Extras