Chapter 29: ထူးဆန်းတဲ့လက်ထပ်ခွင့်တောင်းဖို့ကြိုးစားခြင်း?
------
သူ့ရဲ့ရှုပ်ထွေးလှတဲ့ ခံစားချက်တွေကိုအပထားပြီး ရှီယန်ကနားချိန်ပြီးတဲ့နောက်မှာတော့ သူ့အလုပ်ကိုသာအာရုံစိုက်တော့သည်။
ဟွမ်ရှို့က အနီးနားမှာရှိတာကြောင့် သူလဲ အမှားလုပ်ဖို့မတတ်နိုင်လေဘူး။ဟွမ်ရှို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက မပြောပဲမ နေနိုင်တော့ချေ။
"မင်းသူ့ကိုတစ်ခေါက် ကြည့်လိုက်တာနဲ့ သူက မင်းရဲ့ခန္ဓာကိုယ်မှာ သူ့ကိုယ်သူကပ်ထားဖို့ မစောင့်နိုင်တော့တဲ့အတိုင်းပဲ… မင်း သူ့ကိုနေ့တစ်ဝက်ပဲမတွေ့ရသေးတာ မဟုတ်လား? နှစ်ဝက်မဟုတ်တာသေချာရဲ့လား?"
"အဲ့တာက ငါဘယ်လောက်ဆွဲဆောင်မှုရှိလဲဆိုတာ ပြနေတာလေကွာ"
ဟွမ်ရှို့ကစနောက်လိုက်လေ၏။
"အဲ့တာအမှန်ပဲ။ မင်းလို Male Zerg တစ်ယောက်က တကယ်ကို ကောင်းမွန်တဲ့အရည်အသွေးတွေရှိတာ"
ဟွမ်ရှို့က ပြုံးလိုက်ပေမဲ့လည်း ဘာတုံ့ပြန်မှုမှမပေးချေ။
Zerg တွေအားလုံးက သူဒီတစ်ယောက်တည်းကိုပဲ လက်ထပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုတာသိကြတာကြောင့် သူတို့တွေကအထင်လဲကြီးကြပြီးစိတ်ထဲမှာလဲနောင်တရစွာ သက်ပြင်းလဲချမိကြလေသည်။လုပ်ပြီးသွားတဲ့နောက်မှာတော့ ဟွမ်ရှို့က ဒါရိုက်တာကို သူ့ကိုဒီမှာနေပြီးရှီယန့်ကိုစောင့်ခိုင်းဖို့အတွက်ပြောလိုက်လေ၏။ပြီးတော့ပြဿနာမရှိဘူးဆိုတာကိုသေချာစေပြီးတဲ့နောက်မှာတော့ သုတေသနဌာနက Male Zergတွေအားလုံးအရင်ထွက်သွားကြလေတော့သည်။
ရှီယန်ရဲ့ အရင်လုပ်ဖော်ကိုင်ဖက်ဖြစ်ပုံပေါ်တဲ့ Female Zerg တစ်ယောက်က ဟွမ်ရှို့ကို ကြိုဆိုလိုက်ပြီး သူ့ကိုနားနေခန်းတစ်ခုမှာထိုင်ခိုင်းလိုက်လေသည်။သူက အလုပ်ရုံကနေထွက်သွားပြီးတဲ့နောက် ပိုပြီးတော့တောင်တက်ကြွလာလေ၏။ဟွမ်ရှို့ကသူအရမ်းဂရုစိုက်တဲ့ ဂျူနီယာလေးရဲ့ masterဖြစ်တာကြောင့် သူလဲလျစ်လျူရှုပြီး မနေနိုင်ဘူးလေ။
"ငါတို့ ဒီမှာ ဓာတ်ဆားတွေပဲရှိတယ်…"
တစ်ဖက်လူရဲ့ ရှက်ရွံ့နေတဲ့ပုံစံကိုမြင်တာကြောင့် ဟွမ်ရှို့လဲ သူဘာမှသောက်စရာမလိုပဲ ဒီမှာပဲစောင့်နေမယ်လို့ပြောလိုက်လေ၏။

BẠN ĐANG ĐỌC
[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
Lãng mạnGong MC,Zerg,1v1 Name - Home of The Zerg [虫族之归家] Author - 哼哼 45 Chapters + 12 Extras