35 🚨

1.1K 53 0
                                        

Chapter 35: ဆွဲဆောင်မှုရှိတဲ့ ရှီယန် (NSFW)

--------

ဟွမ်ရှို့ အတွက်တော့ ရှီယန် တစ်ယောက် ယနေ့တွင် မူမမှန်နေသည်မှာအသေအချာအပင်။ ဒါပေမယ့် ရလဒ်တွေအရတော့ ဒါက မကောင်းဘူးလို့လဲ မထင်ပါဘူး..။

ဟွမ်ရှို့ က ဆွဲဆောင်မှုရှိချင်ယောင်ဆောင်နေပေမဲ့လဲ သူ့အမူအရာက အနည်းငယ် တင်းမာနေတာကြောင့် တောင့်တင်းနေတဲ့မျက်နှာနဲ့ယောက်ျားကိုကြည့်လိုက်မိသည်။ ဟွမ်ရှို့ က သူ့ချစ်သူရဲ့ ရှားရှားပါးပါး စိတ်အားထက်သန်မှုကို နှောင့်နှေးအောင် မလုပ်ပဲ ဘာတွေဖြစ်နေတာလဲဆိုတာကို  နောက်ပိုင်းမှသာမေးတာပိုကောင်းမည်ဟုတွေးလိုက်လေ၏။

ရှီယန် က ဟွမ်ရှို့ ၏ အင်္ကျီကို လှန်လိုက်လေသည်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ဟွမ်ရှို့ ၏ နဂိုက အနည်းငယ်ပိန်ပြီး အားနည်းနေသောခန္ဓာကိုယ်မှာ ကြွက်သားအချို့ ဖွံ့ဖြိုးလာချေပြီ။  ရှီယန် က ဟွမ်ရှို့ ၏ ဝမ်းဗိုက်ကို ထိလိုက်လေရာ ဝမ်းဗိုက်ကြွက်သားများ၏ အရိပ်အယောင်ကိုပင် ခံစားရမတတ်။

ရုတ်တရက် ရှီယန် က သူ့ Master က သူသွားတဲ့ Gym ရဲ့ သူဌေးကို ဆက်သွယ်နေတာလားလို့ တွေးမိပြန်တယ်? Female zerg တွေဝိုင်းနေတဲ့ နေရာမှာ Male Zerg ကို တစ်ယောက်တည်း ထားခဲ့ဖို့က တကယ်ကို အန္တရာယ်များလွန်းတာပဲ။

ဟွမ်ရှို့ က ကျောချလဲလျောင်းနေပြီး သူ့အရေပြားပေါ်ရှိ ရှီယန် ၏ လက်ဖဝါးများ ရုတ်တရက် ရပ်တန့်သွားသည်ကို ခံစားလိုက်ရတာကြောင့် မော့ကြည့်လိုက်သောအခါ၌ တစ်ဖက်လူက အံ့သြနေတာကိုမြင်လိုက်ရလေသည်။  သူလဲ သူ့ဝမ်းဗိုက်ကို ကြည့်လိုက်ပြီးပြော၏။

“မင်းမြင်တဲ့အတိုင်းပဲ၊ အရင်က လေ့ကျင့်ခန်းလုပ်တာတွေက အချည်းနှီးတော့ မဟုတ်တော့ဘူး။  သက်ရောက်မှုက ဒီလောက်ထိ သိသိသာသာကြီးမယ်လို့ မထင်ထားခဲ့ဘူးမလား?” 

ဟွမ်ရှို့ က မကြာသေးခင်က သူအလုပ်များနေတာကြောင့် ရှီယန် ကို သူ့ရဲ့ အောင်မြင်မှုတွေကို ပြသဖို့ မေ့သွားခဲ့တာကို သူ့ဘာသူပြန်တွေးနေမိလေ၏။

“……”

ရှီယန် အနည်းငယ် စိတ်မချမ်းသာလှပါချေ။

[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Место, где живут истории. Откройте их для себя