Chapter 38: လက်စွပ်ပြုလုပ်ခြင်း
----
သူ့မှာ အချိန်သိပ်မရှိတာကြောင့် ဟွမ်ရှို့ ဟာ အရမ်းအလုပ်ရှုပ်များလွန်းနေပြီး မနက်ခင်းမှာ သူ့ပစ္စည်းတွေသွားယူရာကနေ ညနေပိုင်းအထိ ဆိုင်ထဲမှာ အလုပ်စလုပ်တဲ့အထိ အသက်ရှုဖို့တောင် အချိန်မရဘဲ ဖြစ်နေရသည်။
“မစ္စတာ ဟွမ်၊ ကျွန်တော်တို့ ညစာ သွားဝယ်ကြမလို့၊ ခင်ဗျားတစ်ခုခု လိုချင်သေးလား မေးလို့ရမလား?"
လက်ထောက်တစ်ဦးက အလုပ်ရုံအပြင်ဘက် တံခါးပေါက်မှ ခေါင်းလေးပြူးထွက်ပြီးချောင်းကြည့်လာလေသည်။
ဟွမ်ရှို့ အံ့အားသင့်သွားပြီး အချိန်ကိုကြည့်လိုက်တော့ ညနေ ရှစ်နာရီကျော်နေပြီကိုပင် သူမသိလိုက်ချေ။
"အဲ့တာကဒုက္ခများလွန်းပါတယ် ခင်ဗျားတို့နဲ့တူတူပဲ ကျွန်တော့်အတွက်ယူလာခဲ့လိုက်ပါ"
ဟွမ်ရှို့ ၏တောင်းဆိုမှုကိုလက်ခံရရှိပြီးနောက် ယနေ့တွင်ဆိုင်ပိတ်တာကြောင့်၊ တံခါးဖွင့်ပေးရန်နှင့်သူ၏မေးခွန်းများကိုဖြေဆိုရန် အလုပ်သမားတစ်ဦးကိုအတူနေပေးဖို့ အထူးစေလွှတ်ခဲ့တာပင်။ ဟွမ်ရှို့ အနည်းငယ်ပင် စိတ်မကောင်းဖြစ်မိသည်။ သို့သော် ထို Inferior Female ကတော့စိတ်ထဲမထားဘဲ ဟွမ်ရှို့ ကိုယ်တိုင် လက်စွပ်ပြုလုပ်တော့မည်ဟု ကြားသိရသောကြောင့် သူအလွန်သိချင်နေမိပြီး မြင်ခွင့်ရသည့်အတွက်ပင် အလွန်စိတ်လှုပ်ရှားနေတာလို့တောင်ပြောသေးသည်။
နေ့တစ်ဝက်လောက်မှာတော့ ဟွမ်ရှို့ က ရိုးရိုးလက်စွပ်ဗြောင်နှစ်ကွင်း လုပ်ထားပြီးသားဖြစ်သွားသည်။ သူတို့ရဲ့လက်ချောင်းအရွယ်အစားက သိပ်မကွာတာကြောင့် လက်စွပ်တစ်ကွင်းရဲ့ကိုယ်ထည်မှာထွင်းထားတဲ့ ပါးလွှာတဲ့ 'မြောင်းလေး' ကလွဲလို့ ငွေရောင်ရိုးရိုးကွင်းနှစ်ခုက အတူတူပါပင်။ သူ့ကိုယ်ပိုင်လက်စွပ်က ပြီးလုနီးပါးဖြစ်နေပြီး ရှီယန် ရဲ့လက်စွပ်ဟာတော့ မြောင်းလေးထဲကို အရည်ပျော်နေတဲ့ Mecha ပစ္စည်းတွေ ဖြည့်ဖို့သာလိုအပ်နေတော့သည်။
၎င်းက ဒုက္ခနှင့် အမှားအယွင်းများသောအလုပ်တစ်ခုပင်။ mecha အတွက် အသုံးပြုသည့် ပစ္စည်းက အရည်ပျော်မှတ်မြင့်မားပြီး အအေးခံသောအခါတွင်လဲ လျင်မြန်စွာ မာတောင့်လာတတ်တာပင်။ ထို့ကြောင့်လဲ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင်းမှာ ဤထူးခြားရှားပါးတဲ့ မော်ဒယ်တစ်ခုလုံးကို ကိုယ်တိုင်ကိုင်တွယ်ရန် လိုအပ်၏။ သူက ၎င်းကို ခဏလောက် အပူပေးရန်လိုအပ်နိုင်ပြီး၊ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပဲ ၎င်းကို အချိုးကျသောပုံစံဖြင့် စီးဆင်းစေကာ ခိုင်မာသွားစေရန် လက်စွပ်ကိုလောင်းကာ လှည့်ပေးရမည်ဖြစ်လေသည်။

أنت تقرأ
[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]
عاطفيةGong MC,Zerg,1v1 Name - Home of The Zerg [虫族之归家] Author - 哼哼 45 Chapters + 12 Extras