44

765 56 0
                                        

Chapter 44: မထင်မှတ်ထားတဲ့ ပျော်စရာကိုယ်ဝန်ရရှိမှု

------

"ကျွန်တော်လားဟင်?"

"မင်းမဟုတ်လို့ငါလား?" 

စစ်ဆရာဝန်၏ ပါးစပ်ကတွန့်ကွေးသွားတော့သည်။

“ဒါပေမယ့်… ဒါပေမဲ့ ကျွန်တော်အရင်က ဒဏ်ရာ ဆိုးဆိုးရွားရွားရခဲ့ဖူးတာ... ကိုယ်ဝန်ပြန်ရဖို့ ခက်ခဲတယ်လို့ဆေးရုံကစစ်ဆေးချက်ကိုလဲရခဲ့သေးတယ် ”

“ဒီအပိုင်းကိုတော့ငါ မကျွမ်းကျင်ပေမယ့် ရလဒ် ကတော့ထွက်လာနေပြီလေ"

“……”

ရှီယန်ဟာ မယုံနိုင်စွာ ငုံ့ကြည့်ကာ သူ့ဝမ်းဗိုက်ပေါ် လက်လေး တင်လိုက်မိသည်။  ရှောင်ရဲ့နဲ့ တုန်းကဘယ်လိုဖြစ်ခဲ့တာပါလိမ့်?  ဟုတ်တယ်၊ သူက စစ်မှုထမ်းနေတုန်းပဲလေ။ ခန့်အပ်ခြင်းမခံရခင်မှာ ရူပပိုင်းဆိုင်ရာ လုပ်ရိုးလုပ်စဉ်တစ်ခုသာလုပ်ပြီး ကိုယ်ဝန်အကြောင်း ပေါ့ပေါ့ပါးပါးနဲ့ ပြောပြခံခဲ့ရတာ။  ဒါပေမယ့် အဲဒီအချိန်မှာ သူက သိပ်အလေးအနက်မထားဘဲ ဆေးရုံကို သွားပြီး ကြိုတင်ကာကွယ်တဲ့ အချက်အလက်တွေကို ရပြီးတာနဲ့ စက်ရုပ်လိုပဲလိုက်လုပ်ခဲ့လေတယ်။

သူ ငယ်ငယ်တုန်းက ကိုယ်ဝန်နဲ့ ကလေးမွေးတာတွေကို သိပ်ဂရုမစိုက်သလို ကလေးလည်း မရှိတော့ပါစေနဲ့လို့တောင်မျှော်လင့်ခဲ့တာ။ ဒါမှမဟုတ်ဘူးဆိုရင် ဒီလိုမျိုး မိသားစုမှာ ခံစားရမယ့်အသက်တစ်ချောင်း ထပ်ရောက်လာရှာမှာလေ။  ဟာသတစ်ခုအနေနဲ့ ဘုရားသခင်က သူ့ကို ဒီအခြေအနေကနေ ကယ်တင်ပေးခဲ့ပြီး သူတကယ်ချစ်ရတဲ့သူတစ်ယောက်နဲ့ တွေ့စေခဲ့တယ်။ ဒါပေမယ့် ကလေးယူဖို့ဆိုတာကိုတော့ တကယ်ကို မဖြစ်နိုင်တဲ့အနေအထားနဲ့ပေါ့။  ရှီယန် က တစ်ချိန်က သူ့ကိုယ်သူအလွန်အပြစ်တင်စိတ် ခံစားခဲ့ရ၏။၎င်းမှာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်လိုဖျက်ဆီးပြုချင်ခဲ့သော စိတ်ဓာတ်ကြောင့် ပြစ်ဒဏ်​ဖြစ်သည်ဟုပင် တွေးထင်ခဲ့မိသည်။

ဟွမ်ရှို့ ၏စိတ်ရှည်သည်းခံမှုတွေကြောင့် ရှီယန် က အနာဂတ်တွင် ကလေးယူနိုင်တော့မည်မဟုတ်ကြောင်းကို လက်ခံနိုင်ခဲ့လေသည်။  ဒါပေမဲ့ အခု သူက ကိုယ်ဝန်ရှိနေပြီတဲ့လား?

[COMPLETED]ဇာ့ခ်တစ်ယောက်ရဲ့အိမ်ကလေး [ဘာသာပြန်]Место, где живут истории. Откройте их для себя