Part-1

20.5K 390 14
                                    

Unicode

" ကယ်..ကယ်ကြပါ... ကယ်ပေးပါဦး အင့် "

အဝေးပြေး လမ်းမထက်တွင် သူမ၏ နာကျင်စွာ ညည်းညူသံကလွဲပြီး တိတ်ဆိတ်နေသည်။ ဇောက်ထိုးဖြစ်နေသော ကားထဲတွင် သူမ ကူကယ်ရာမဲ့နေသည် ။ ကားမှန်စများက သူမ၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်ဝင်နေသည် ပေါင်တစ်ခြမ်းသည်လည်း ကားထဲတွင် ညှပ်နေကာ ထိုနေရာမှ သွေးများ ပြည့်အိုင်လာသည် ဝမ်းဗိုက်မှာ စိုက်ဝင်နေသော မှန်ကွဲစကို ဖယ်ထုတ်ရင်း သူမရဲ့ ရစရာပင်မရှိတော့ ကယ်ကြပါဟု တိုးငြီးစွာ အော်ဟစ်ရင်း ဒီအခြေနေမှ လွတ်မြောက်ချင်မိနေသည်။

ကယ်ကြပါ ကယ်ပေးပါ.. ဒီတိုင်း သေလိုက်လို့မဖြစ်ဘူး ၊ ဘုရားသခင် ကျွန်မဘဝမှာ ကောင်းပေ့ဆိုတဲ့ကုသိုလ်မျိူးလုပ်ဖူးတယ်မရှိပေမယ့် မကောင်းတဲ့အရာမှာလည်း ပျော်ဝင်ခဲ့ခြင်းမရှိပါဘူး ။

မျက်ဝန်းအိုင်တွင် အရိပ်ထင်လာသော ကုန်ကားတစ်စီးသည် အရှိန်ပြင်းပြင်းနှင့် သူမရှိရာ ဦးတည်နေသည်။ သူမ မျက်ရည်စီးကြောင်းမှာ သွေးများနှင့် ရောယှက်နေပြီး နှာရိုးမှ တစ်ဆင့် ရင်ညွှန့်ရှိ အမာရွတ်ပေါ်သို့ ဖြတ်သန်းစီးဆင်းသွားသည်။

ကုန်ကားနှင့် သူမအကွာဝေး မခြားတော့သည့် အချိန်မှာပင် အမြင်အာရုံထဲသို့ ရောက်ရှိလာသော ပုံရိပ်များ ယခုချိန်ထိ တစ်ကိုယ်တည်းသော ဆုံးဖြတ်ချက်များကြောင့် နစ်နာခဲ့သော လူများရဲ့ ငိုကြွေးမှုများ အရာအားလုံးမှာ သူမသည် လူဆိုးတစ်ယောက်နှယ် မှောင်မိုင် ငိုကြွေးနေသော ပုံရိပ်များထဲမှ လင်းလက်နေသော အလင်းရောင်လေး အနှီးထုပ်ထဲ အိပ်မောကျနေသော ကလေးငယ်လေး ဘေးတွင်ရှိသော အမျိုးသမီးရဲ့ အပြုံးများက တောက်ပနေသည်က သေဆုံးရတော့မည့် သူမပင် ကြောက်လန့်နေမှုများ ယုတ်လျော့လာသည်။

ကျွီ.. ဒုန်း! ဒုန်း !!!!!!!!!!!!!!!!!!!!!

" အသက်ရှင်ချင်တယ် အခွင့်ရေးပေးပါ။"
ဘုရားသခင်သာ ရှိခဲ့ရင် မတရားခံရတဲ့ ကျွန်မကို အသက်ရှင်ခွင့်ပေးပါ ကျွန်မဘဝကို ပြုပြင်ဖို့ အခွင့်ရေး... နောက်ဆုံးအကြိမ်အဖြစ် တွေးမိတဲ့ အကြောင်းရာက ရှင်သန်ခွင့်ရဖို့ အသနားခံခြင်းပင်။

𝐓𝐰𝐨 𝐋𝐢𝐟𝐞,𝐎𝐧𝐞 𝐃𝐞𝐧𝐬𝐢𝐭𝐲Where stories live. Discover now