Zawgyi
ကျွီ
ခမ်းနားထည်ဝါသော ရွှေရောင်လည်ဆံမွှေးနှင့် အားမာန်အပြည့် ဟိန်းဟောက်နေသောခြင်္သေ့ ရုပ်ထုသည် တံခါးတစ်ချပ်နံဘေးတွင် ထည်ဝါစွာ တည်ရှိနေပြီး ထိုတံခါးချပ်ကို လာဖွင့်ပေးသူက ဇိုင်း အလျင်ပင် Leandroနား ကပ်၍ တိုးကပ်ပြောလာသော စကားလုံးတစ်ချို့ ။
" အကြီးကဲခေါင်းဆောင် Bossကို ရာထူးအပ်နှင်းဖို့အတွက် မိတ်ဖက်တွေနဲ့အတူ စောင့်နေပါတယ်ဗျ "
" ဟိုလူ နိုးပြီလား! "
အမေးတစ်ခွန်း အဖြေတစ်ခြားကို ဇိုင်းနားလည်အောင် အနည်းငယ် တွေးတောမိလိုက်မှ...
" မနိုးသေးပါဘူး Boss "
" ကောင်းကောင်း အိပ်နိုင်တာပဲ၊... နိုးလာရင် အစာကျွေးထားလိုက် ငြင်းဆန်ရင် ကြိုးတုတ်ထားလိုက် "
ဇိုင်းဒတ်ခ်ျ၏ အဖြေကို စောင့်မနေတော့ပဲ Leandro ခန်းမအတွင်းသို့ ဝင်လာခဲ့လိုက်သည်။ လေယာဉ် ပြေးလမ်းများ၏ အရှည်ကဲ့သို့ 2,500 မီတာ (8,200 ပေ) မှ 4,000 မီတာ (13,100 ပေ) ကျော်လောက်ထိ ကျယ်ဝန်းသော ခန်းမထဲတွင် Navarra ၏ မိတ်ဖက်ဂိုဏ်းများမှ အကြီးကဲများသည် ဆက်ခံသူတင်မြှောက်ပွဲကို တက်ရောက်သူများဖြစ်ပြီး ခန်းမအတွင်း ပြည့်လျှံနေသည်။
ဖာနန်ဒို နံဘေးသို့ ရောက်ပြီးချိန်တွင် ဆက်ခံသူ တင်မြှောက်ပွဲကို စတင်ကျင်းပပြီး ဖာနန်ဒို မိန့်ခွန်းစပြောတော့သည်။
" ကျွန်တော် Navarraကို အုပ်စိုးခဲ့တဲ့ အချိန်ကာလအားဖြင့်ဆိုလျှင် နှစ် 60ကျော်ကြာမြင့်ခဲ့ပြီ။ ယနေ့ ထိမ်းသိမ်းလာတဲ့ အမွေနှစ်ကို ကျွန်တော့်မြေးကို လက်ဆင့်ကမ်းဖို့ အချိန်ကျရောက်လာခဲ့ပြီ။
Leandro navarro နောက်ဆုံး မျိုးဆက်အဖြစ် Navarraတိုင်းကို အုပ်ချုပ်မယ် "Leandro ရှေ့သို့ ထွက်ရပ်လိုက်ကာ ခန်းမအတွင်းရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ အားလုံးသည် ဆက်ခံသူအသစ်ဖြစ်သော Leandro၏ မိန့်ခွန်းကို နားဆင်လိုဟန်အပြည့်ဖြင့် စောင့်စားနေကြသည်။
" Leandro Navarro နာဗားရားတိုင်းရဲ့ အရှင်သခင်သစ် ခင်ဗျားတို့ ခစားရမည့် တစ်ဦးတည်းသော နတ်ဘုရား၊ နောက်ပိုင်း လုပ်ငန်းဆောင်တာတွေက ကျုပ်လက်အောက်မှာ တည်ရှိနေပြီး ကျုပ်စကားလုံးတွေက အမိန့်ဖြစ်တည်လာမယ်၊ ဒါကို ခင်ဗျားတို့ဘက်က ချွင်းချက်မရှိ အမိန့်သဖွယ်နာခံရမယ် "
![](https://img.wattpad.com/cover/377389890-288-k116632.jpg)