Part - 2 (uni)

4.7K 141 6
                                    

Unicode

Spain နိုင်ငံဟုဆိုလျှင် ပေပေါင်းသောင်းချီ မြင့်မားသော တောင်တန်း တောင်စွယ်များ ဝန်းရံလျက် ကျယ်ပြန့်သော ကုန်းပြင်မြင့် ၊ တောတောင် ထူထပ်သော နိုင်ငံဟု လူသိများကြသည်။ မြောက်ဘက် ကမ်းခြေတစ်လျှောက်တွင် ပေ 8000 ကျော်မြင့်သော ကန်တာဗရီယန် တောင်တန်း တည်ရှိပြီး ပေပေါင်း တစ်သောင်းကျော်မြင့်သော ပီးရနီးတောင်တန်း၏ အနောက်ဘက်စွန်းနှင့် တောင်ကြားလမ်းတစ်ခုသာ ခြားနားသော သမိုင်းဝင် တိုင်းဒေသကြီး တည်ရှိလေသည်။

ထိုဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ဒေသ Navarra (နဗားရား)တိုင်းဟု ခေါ်ဝေါ်ကြသည်။ Navarra တိုင်းသည် စပိန်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော တစ်ခုတည်းသော ဒေသဖြစ်သည်။ Navarra တိုင်း၏ ပြည်သူပြည်သားများသည် အုပ်ချုပ်သူ Navarro မျိုးဆက်၏ အာဏာစက်အောက်တွင် ခိုလှုံကြရပြီး ဆွေစဥ်မျိုးဆက် အားကိုးအားထားရသော အုပ်ချုပ်သူကြောင့် တိုင်းဒေသသည် သာယာဝပြောလျက်ရှိသည်။

စပိန်နိုင်ငံ၏ မြောက်ပိုင်းတွင် တည်ရှိသော Navarre တိုင်း၏ ရာသီတုဥသည် ဆောင်းရာသီတွင် လွန်စွာ ခဲအေးလျက် အပူချိန်အနိမ့်ဆုံးထိ ရောက်ရှိတတ်သော ဒေသဖြစ်သည့်အလျောက် ထိုရာသီတွင် ထူထဲသော အဝတ်ထည်တို့ကို လွှမ်းခြုံ၍ ဒေသ၏ ပင်မစီးပွားရေးဖြစ်သော ဝိုင်(အရက်)ချက်ခြင်းကို ပြုလုပ်၍ ကုန်သွယ်ကြသည်။ Navarra တိုင်း၏ ဝိုင်လုပ်ငန်းသည် ကုန်သွယ်ရာတွင် အကျိုးဖြစ်ထွန်းသော စီးပွားရေးဖြစ်သည်။ Navarra တိုင်းဒေသတွင် တောများထူထပ်သောကြောင့် အမဲလိုက်လုပ်ငန်းလည်း ထွန်းကားပြီး စီးပွားရေးတွင်ကျယ်သော တိုင်းဖြစ်သည်။

Navarra တိုင်းဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်သူ Navarro မျိုးနွယ်၏ ဆက်ခံသူ ရွေးချယ်ပြီးနောက် တိုင်းသူပြည်သားများသည် အုပ်ချုပ်သူ အသစ်အား ပျော်ရွှင်ပွဲဖြင့် ဂုဏ်ပြုကာ လမ်းမထက်များ၌ အေးခဲသော ရာသီဥတုကို အုံတုလျက် 11ရက်ကြာ ပွဲတော်တည်လျက် စည်ကားပျော်ရွှင်စွာ ကျင်းပကြလေသည်။

" အုပ်ချုပ်သူ Navarro မိသားစုရဲ့ ဆက်ခံသူ မျိုးဆက်က အုပ်ချုပ်သူဟောင်းနဲ့ အတော်တူတယ်တဲ့၊ တိုက်ခိုက်စွမ်းရည်၊ ဉာဏ်မြင့်မားမှုက အတိုင်းထက်လွန်လို့ ပြောကြားနေကြတယ် "

𝐓𝐰𝐨 𝐋𝐢𝐟𝐞,𝐎𝐧𝐞 𝐃𝐞𝐧𝐬𝐢𝐭𝐲Where stories live. Discover now