Part-4 (Uni)

2.1K 80 19
                                    

သွေးထွက်သံယို အခန်းများ ပါဝင်သည့်အတွက် စာဖတ်သူတို့အား ဤနေရာမှ အသိပေးအပ်ပါသည် ။

Unicode

" ခွပ် ! "

ရုရှားက လက်နက်ထုတ်လုပ်သူနှင့် စကားစမည်ပြောဆိုပြီး ပြန်အလာ ဓာတ်လှေကားမှ အထွက်တွင် Leandro မျက်နှာသို့ ဦးတည်လာသော လက်သီး ၊ ဦးခေါင်းကို အလျင်ဖယ်ရှောင်လိုက်တော့ နံရံသို့ ထိုးဝင်သွားသံသည် ကျယ်လောင်လှသည်။ နောက်တစ်ကြိမ် ကျရောက်သော လက်သီးကို လက်ကောက်ဝတ်မှ ဖိကိုင်၍ ထိုလက်အား လှဲ့လိမ်ချိုးလိုက်သည်။

" အား !  "

Leandro၏ ခြေကန်ချက်များသည် တစ်ဖက်လူ၏ နံရိုးကြားသို့ အကြိမ်ကြိမ် ဦးတည် တိုက်ခိုက်သည်။ နောက်ဆုံး မခံနိုင်တော့သည့် သူသည် အရှူံးပေးသည်ဟု ဆိုကာ ဒူးထောက်ထိုင်ချသည်။

" he pecado señor! "
( အပြစ်ပြုမိပါတယ် ဆက်ခံသူ)

" သူ့ကိုလွှတ်လိုက် Leandro ငါကိုယ်တိုင် မင်းကို တိုက်ခိုက်ဖို့ အမိန့်ပေးထားတာ "

" ကျုပ်က ဘာဆိုင်လို့ Mr
ဖာနန်ဒို စကား နားထောင်ရမှာလဲ "

Leandro ဂရုမစိုက်စွာပင် အားရအောင် ထိုးနှက်ပြီးမှ ဖယ်ခွာလိုက်သည်။ Leandro navarro ဆိုတာ ဘယ်သူ့အမိန့်ကိုမှ နာခံတတ်သူမဟုတ် ကိုယ့်စေလိုရာအတိုင်း သွားတတ်သောသူ ။

" ဟိုကောင်လေး ပြိုင်ပွဲစနေပြီလား "

" ဟုတ်..အာ့ စနေပြီ "

Leandroသည် ဖာနန်ဒို၏ ဆွဲခေါ်မှုကြောင့် လက်ဝှေ့ပွဲ ကို အပေါ်ထပ် အဆောက်ဦး၏ မှန်မှတစ်ဆင့် ကြည့်ရှူရသည်။

အောက်မှာ မြင်နေရတဲ့ လက်ဝှေ့ကွင်းမှာ ထိုးသတ်နေကြသော လူနှစ်ယောက် ပြိုင်ပွဲဖြစ်သည့်အတွက် အနိုင်ရှုံးကွဲပြားနိုင်သေရန် တစ်ယောက်နှင့် တစ်ယောက် အားရစွာ တိုက်ခိုက်နေကြသည်။

" ဘယ်သူ နိုင်မယ်ထင်လဲ Leandro "

" ညာဘက် ဝိုင်းထောင့်ကလူ "

" အကြောင်းရင်းက  "

" လက်ဝှေ့ (Boxing) မှာ Jab, Cross, Hook ဆိုတဲ့ တိုက်ကွက်သုံးမျိုးက အဓိက အခြေခံနည်းလမ်း ဖြစ်ပြီး၊ ပြိုင်ဘက်ကို အများဆုံး ထိခိုက်စေဖို့ အသုံးပြုနိုင်တဲ့ အင်အားကြီးဆုံး နည်းလမ်းကို ညာဘက်ထောင့်က လူက သေချာအသုံးချပြီး တိုက်ခိုက်နေတယ် ၊ မကြာခင် တစ်ဖက်က ဟာကွက်တွေချည်း အတိုက်ခံရတဲ့အချိန် အင်အားယုတ်လျော့လာပြီး အရှုံးပေးရလိမ့်မည် "

𝐓𝐰𝐨 𝐋𝐢𝐟𝐞,𝐎𝐧𝐞 𝐃𝐞𝐧𝐬𝐢𝐭𝐲Where stories live. Discover now