Unicode
မနက်အစောတွင် ဆရာဝန်က လိုအပ်သည်များကို စစ်ဆေးမှုပြုလုပ်ပြီးနောက် ဒဏ်ရာအခြေနေက အတော်လေးကောင်းမွန်နေပြီး ရက်အနည်းငယ်အတွင်း အရှင်းပျောက်မည်ဟုဆိုသည်။ ဆရာဝန်ထွက်သွားပြီးသည့်နောက် ခဏအကြာတွင် တံခါးခေါက်သံအား ကြားလိုက်ရသည်။ ဝင်ခွင့်ပြုလိုက်သောအခါ မော်ကြွားနေသော ဟန်ပန်ဖြင့် လျှောက်ဝင်လာသော မင်းအာဏာပိုင်ကို တွေ့လိုက်ရသည်။
" ဒီ ဝတ်စုံကိုလဲလိုက် ခဏနေရင် မိတ်ကပ်အဖွဲ့ လာပြီး ခင်ဗျားကို ပြင်ဆင်ပေးလိမ့်မယ် "
" ဘာအတွက်လဲ? "
လက်ထဲသို့ ရောက်လာသော Boxကို ကြည့်ပြီး လင်းမြတ်အမေးပြုလိုက်သည်။ ထပ်မံ၍ တစ်ဆက်ဆည်း ကြားလိုက်ရသော စကားလုံးအား မယုံကြည်နိုင်စွာဖြင့် မေးလိုက်မိသော်...
" ခင်ဗျားနဲ့ ကျုပ်ရဲ့ လက်ထပ်ပွဲ နောက်တစ်နာရီကြာရင် စမယ်၊ အချိန်မလင့်ခင် အလှဆုံး ဖြစ်အောင် ပြင်ဆင်ထားလိုက်.. "
" ငါက ယောကျာ်း လှဖို့မလိုအပ်ဘူး..
ပြီးတော့ ငါတို့ သဘောတူချက်အရ လက်ထပ်စာချုပ်မှာ တစ်နှစ်အကျုံးဝင်တဲ့ လက်မှတ်ထိုးထားရင် ရလောက်ပြီပဲ.. မင်္ဂလာပွဲတွေ ဘာတွေ မလိုအပ်ဘူး ထင်တယ် "" အဲ့ဒီယောကျာ်း ဖြစ်တဲ့ ခင်ဗျားကို ကျုပ်က လက်ထပ်ဖို့အတွက် ပြင်ဆင်ခိုင်းနေတာ လိုအပ်တယ် မလိုအပ်ဘူးဆိုတာ ကျုပ်ဆုံးဖြတ်မယ် လင်းမြတ်တည်ကြည်၊ ကျုပ် ခင်ဗျားကို တောင်းဆိုနေတာမဟုတ်ဘူး အမိန့်ပေးနေတာ ခင်ဗျားမှာ ငြင်းဆန်ခွင့်မရှိဘူ "
လင်းမြတ်တည်ကြည်၏ သက်ပြင်းချသံက အခန်းတွင်း အလိုမကျစွာ ထွက်ပေါ်လာခဲ့သည်။
" မင်း အပြင်ထွက်ပေး... ငါအဝတ်လဲဖို့ "
" မထွက်ဘူး ! ခင်ဗျား ဘာသာ ကြိုက်ရာနေရာလဲ ၊ မဟုတ်မှလွဲ ကျုပ် ကိုယ်တိုင် လဲပေးစေချင်လို့ ဉာဏ်ဆင်နေတာလား "
" တောက်ခ် ! "
ဒုန်း
လင်းမြတ်တည်ကြည် သည်းမခံနိုင်စွာ တက်ခေါက်၍ ရေချိုးခန်းထဲ ဒုန်းစိုင်းဝင်လာပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။ ရေမိုးချိုးပြီးနောက် အဝတ်စားပါ တစ်ခါထဲ လဲပြီး အပြင်ထွက်တော့ မိတ်ကပ်အဖွဲ့က ရောက်လို့နေပြီ။ လင်းမြတ်၏ မျက်နှာကို အမျိုးစုံသော ပစ္စည်းများနှင့် ဖုတ်လိုက်ပုတ်လိုက်နှင့်ဆွဲ၍ ပြင်ဆင်ပေးတော့၏။