Unicode
! ဒုန်း !
" ဆက်ခံသူ ဒီလိုလုပ်လို့မဖြစ်ပါဘူးဗျ၊ စိုးရွံမိပေမယ့် မျိုးနွယ်စု ခေါင်းဆောင်က မနှောက်ယှက်ဖို့ အမိန့်ပေးထားပါတယ်ဗျ "
တာဝန်ကျ အခန်းစောင့်လေးသည် ညနက်ချိန်မှ ခေါင်းဆောင်ဟောင်း၏ အခန်းတံခါးရှေ့လာကာ ကန်ကျောက်ဝင်မည် လုပ်နေသူကြောင့် ခေါင်းမီးတောက်လျက် မဝင်ရန် တားမြစ်နေရသည်။ ခေါင်းဆောင်၏ ဒေါသနှင့် ဆက်ခံသူ၏ ဇွဲသည် သွားစမ်းသင့်သော အရာမဟုတ်၊ ပြဿနာတွေတော့ ကြီးတော့မှာပဲ။
" Leandro Navarroကို ဝင်ခွင့်ပြုလိုက် "
" အမိန့်တိုင်းပါ ဂိုးဏ်ချုပ် ၊ ဆက်ခံသူ သဘောဆန္ဒအတိုင်း ဝင်လို့ရပါပြီဗျ "
တံခါးချပ်တစ်ဖက်အား ရိုသေစွာ ဖွင့်ပေးလို့ လောကွတ်ပြုတော့ ကျွန်တော့်ဆီသို့ ရောက်ရှိလာသော မျက်ဝန်းစိမ်းများက စူးခနဲ တံခါး၏ အခြားတစ်ဖက်အား ရှည်လျားသော ခြေတံနှင့် ကန်ကျောက်ပြီးမှ ဝင်သွားသော ဆက်ခံသူ ။
" မင်းရောက်လာတာ ထင်ထားတာထက် စောသားပဲ "
" ... "
တုံ့ပြန်စကား ပြန်မလာသော Leandro ကို ကြည့်လိုက်တော့ မျက်ခုံးစပ်များ ထိစပ်နေအောင် စုကြုံ့ထားပြီး စူးရဲနေသော မျက်ဝန်းများက အလိုမကျမှုးများ အထင်းသား။
" မင်းပြောစရာမရှိရင် ပြန်တော့ Leandro ၊ ညသုံးနာရီကြီး အကြောင်းရင်းမရှိပဲ ငါ့အချိန်တွေကို ဖြုန်းခွင့်မပြုနိုင်ဘူး "
" Mr.Fernando Navarro ကျုပ်ပြောခဲ့တဲ့ စကားကို တည်ဖို့လာခဲ့တာလေ "
Leandro ပခုံးတွင်ထမ်းထားသော ကျားသရေကို Fernando စားပွဲရှေ့ပစ်တင်လိုက်ပြီး CZ 457ကို ကိုင်မြှောက်ရင်း မျက်စပစ်ပြလိုက်သည်။ 'သဘောက ခင်ဗျား ပြောခဲ့တဲ့စကားကို မှတ်မိသေးလား ဆိုတာမျိုး ' Fernando အတွေးသို့ ရောက်ရှိလာသော ပုံရိပ်တစ်ချို့။
" မြေအောက်ခန်းထဲမှာ အရင်လူတွေ ကျန်ခဲ့တဲ့ သေနတ် အစိတ်ပိုင်းတွေရှိတယ် ၊ နက်ဖြန် မိုးလင်းတဲ့အခါကြ တံခါးလာဖွင့်လိမ့်မယ် ၊ မင်းသာ Navarro မျိုးဆက်မှန်ရင် နံရံလေးဖက်ရှိတဲ့ အခန်းလည်း မင်းကို မတားနိုင်ဘူး ၊ မင်းရဲ့ အချိုးမပြေတဲ့ သောက်ခွက်ကို မနက်ဖြန် တွေ့ချင်သေးတယ် ငါ့မြေး "
![](https://img.wattpad.com/cover/377389890-288-k116632.jpg)