Unicode
အောက်တိုဘာလ၏ မိုးလေအေးသည်
အလျဥ်းသင့်သလို ကြမ်းရင့်စွာ တိုက်ခိုက်နေပြီး မိုးစက်မိုးပေါက်များလည်းအတူ လွင့်စင်လာသည်၊ ပြာလဲ့နေသော ကောင်းကင်ယံမှ ညိုမှိုင်းသော အသွင်သို့ အခြေနေအရိပ်ရိပ်ပြောင်းလဲလာပြီး မိုးသီးမိုးပေါက်များ ကြွေလွင့်ကာ သည်းထန်စွာ ရွာသွန်းလာလေသည်။ချမ်းအေးသော ရာသီတုဥ ဖြစ်လင့်ကစား မြင့်မားသော အဆောက်ဦးရှိ အလုံပိတ် အခန်းတစ်ခုတွင် သာမန်ထက်ပိုသော အေးစက်သောလေထု ACကို အရှိန်မြင့်တင်ထားပြီး အခန်းတွင်း ဆိုဖာခုံတွင် စာအုပ် ထိုက်ဖတ်လျက်သား အမျိုးသမီးကို တွေ့ရသည်။ ထိုအမျိုးသမီးသည် မြန်မာဝတ်စုံ ရင်ဖုံးနှင့်ထဘီကို လုံခြုံစွာဝတ်ဆင်ထားပြီး ဖွေးဥသော မျက်နှာထက်တွင် ဝင်းဝါသော သနပ်ခါး အနည်းငယ် လိမ်းခြယ်ထားသည်၊ နိုင်ငံခြားဆန်သော မျက်နှာအချိုးစား ရှိလင့်ကစား မြန်မာမှု ဆင်ယင်ဝတ်စားထားသော သူမသည် ကျက်သရေအပေါင်း ပြည့်စုံကာ ရှိရင်းစွဲ အသက်ထက်ပင် တင့်တယ်လှပနေ၏။
" ဟယ်လို! "
ထိုအမျိုးသမီး၏ ဟန်ဖုန်းကိုင်ဆိုလိုက်သံသည်ပင် နူးညံချိုသာ၏။
" သား ဒယ်ဒီကို မေမေ အကြောင်းကြားလိုက်မယ် သား လာမယ်ဆိုတာ သိရင် ဒယ်ဒီတော့ ပျော်နေတော့မှာပဲ "
" မေမေ သားအကြိုက် ဟင်းတွေ ပြင်ဆင်ထားမယ် ၊ သားအတွက် မြန်မာပြည်ထွက် လက်ဆောင်တွေလည်း ဝယ်ပေးထားမယ် "
ဖုန်းခေါ်ဆိုမှု ပြီးသည်နှင့် ယောကျာ်းဖြစ်သူကို သတင်းထူး ပြောစရာရှိတယ် အလုပ်မှ အလျင်ရောက်ရန် ဆော်သြလိုက်သည်၊ ပြီးနောက် သူမ ပထမ ဖတ်နေသော မြန်မာဘာသာ စကားဖြင့် ရေးသားထားသော ဝတ္ထုစာအုပ်ကို ထပ်မံဖွင့်၍ ဖတ်ရှုသည်၊ ပကတိ တည်ငြိမ်နေသော အလှပများကြား စိတ်လှုပ်ရှားမှုတို့ ပါဝင်နေပြီး ငါးဆယ်နား ကပ်နေသော သူမသည် သုံးဆယ်ကျော် အရွယ်ကဲ့သို့ လှပနေသေး၏။
ဖတ်လက်စ စာအုပ်ကို ပိတ်ချလို့ ခင်ပွန်းဖြစ်သူကို ဖုန်းခေါ်လိုက်၏ ၊ သတင်းကောင်းကို ဆက်လက်ထိန်းသိမ်းထားရန် အောင့်အီးသည်းခံနိုင်ခြင်း မရှိတော့ ၊ သားနှင့် ခွဲခွာရသည်မှာ ကြာမြှင့်နေချေပြီ။

KAMU SEDANG MEMBACA
𝐓𝐰𝐨 𝐋𝐢𝐟𝐞,𝐎𝐧𝐞 𝐃𝐞𝐧𝐬𝐢𝐭𝐲
Aksiမင်းအာဏာပိုင်xလင်းမြတ်တည်ကြည် Action, Mafia, Possessive