စာစဉ်(၁) အပိုင်း(၁)

287 9 1
                                    


"စတင်ခြင်း (သို့) ပျက်သုန်းခြင်း"

နင် တိုင်းပြည် ၊ နန်းမြို့တော် ၊ မင်းသမီး နန်းဆောင်

အမြင့်မားဆုံးမျှော်စင်၏ အရှေ့ဖက် မြေကွက်လပ်တစ်နေရာတွင် အမျိုးသမီးတစ်ဦး ဒူးထောက် နေ၏။ ညလေအေးကို သူမ မခံစားရသလို ပြင်းပြင်းထန်ထန် ရွာသွန်းနေသော မိုးစက်
မိုးပေါက်္များ၏ အညှာအတာမဲ့မှုကိုလဲ ခံစားရပုံ မပေါ်ပေ။

သူမတွင် ဖြူဖျော့နေသော အသားရောင် ပိုးသားတမျှ နူးညံ့ နက်မှောင်နေသော ဆံနွယ်ရှည်များနှင့် အလွန်တရာ လှပနေပေ၏။ သို့သော်ငြား သူမလေး၏ မျက်ဝန်းများသည်မှာတော့ နီရဲ ရောင်ကိုင်းနေလေ၏။

သူမသည် ကလေးငယ်လေး တစ်ယောက်ကို သူမ၏ လက်မောင်းတွေကြားမှာ ပွေ့ဖက်ထားလေ၏။သူမသည် ခလေးငယ်၏ ဖျော့တော့နေသော မျက်နှာနှင့် တိုးလျလွန်းလှ‌ေသာ အသက်ရှုသံကို စိုးရိမိနေဟန်ရှိ၏။ခလေးငယ်၏ အသက်ရှုသံတိုင်းသည် နောက်ဆုံးထွက်သက်ကဲ့သို့ ထင်မှတ်ရလောက်သည်အထိ တိုးလျနေခဲ့၏။

လျန်ရှန်းသည် မျှော်စင်၏ ဝင်ပေါက်ကို စောင့်ကြည့်နေရသူုဖြစ်၏

"ကျေးဇူးပြု၍ ပြန်ပါ မင်းသမီး ယွင်ရှန်း ဘုရင့် သမက်တော်က မင်းသမီးကို တွေ့ခွင့်ပေးမှာမဟုတ်ပါဘူး"

လျန်ရှန်းဟာ မင်းသမီးငယ်စဉ်ကတည်းက ယုံကြည်ခဲ့ရတဲ့ တစ်ဦးတည်းသော အစေခံဖြစ်၏။ယွင်ရှန်း ၏ နှလုံးသားများ တစစီကွဲထွက်သွားရသကဲ့သို့ မိုးကောင်းကင်ကြီးသည်လဲ ဆုတ်ပြဲသွားပြီး မိုးစက်တွေဟာ သူမနဲ့ သူမ အနီးအနားက အရာရာတိုင်းက်ို ရွှဲရွှဲစိုသွားစေတော့၏။ယွင်ရှန်း အံကြိတ်လိုက်ပြီး သူမ၏ ဝတ်ရုံကို ဆွဲလိုက်၏။သူမ ခလေးငယ်ကို မိုးရေစက်တွေဆီကနေ မစိုနိုင်အောင် ကာကွယ်ပေးချင်ခဲ့၏။

ဘယ်အချိန်ကတည်းက စတင်ခဲ့တာလဲ ။သူမ တွေးလိုက်မိတယ် ။ဘယ်အချိန်ကတည်းကစပြီး သူမ ယုံကြည်ရတဲ့ သူတွေ တစ်ယောက်ပြီး တစ်ယောက် သစ္စာဖောက်ခဲ့ကြတာလဲ ။သူမရဲ့ မျက်နှာကတော့ မျက်ရည်တွေနဲ့ ရှိနေတုန်းပဲ ။ ကြည့်ရတာ သူမ မျက်ရည်တွေ ခမ်းခြောက်တော့မယ် ထင်ပါရဲ့။

Legend Of Princess Yun Shang(MMTranslation)Donde viven las historias. Descúbrelo ahora