စာစဉ်(၁) အပိုင်း(၁၆)

76 10 0
                                    

ဂုဏ်သတင်း ကျော်စောခြင်း

"အမ်...ရာသီဉတုက ဘယ်လိုဖြစ်တာလဲ"

ဧည့်ပရိတ်သတ်တို့၏ တီးတိုးပြောသံကို ကြားနေရ၏။ ယွင်ရှန်း ပြုံးရုံသာပြုံးလိုက်ပြီး ခေါင်းကို ငုံ့ကာ စားပွဲပေါ်မှ သစ်တော်သီးကို ယူကာ ကိုက်နေလိုက်၏။

ဟွာကျင်း ပြုလုပ်ခဲ့ သည့် အမှားနှင့် သူမ ယူလာခဲ့သည့် ဆရာတော် ဝုန၏ မိန့်ကြားစာမှ လွဲ၍ အရာအားလုံးသည် သူမ၏ အရင်ဘဝ နှင့် ထပ်တူပင် ဖြစ်သည်။

အခြား မပြောပလောက်သည့် ပြောင်းလဲမှု တစ်ခုမှာ အခမ်းအနား ကျင်းပသည့် နေရာ ဖြစ်သည်။ကျင်းလွမ် ခန်းမ တွင် ကျင်းပရမည့် အစား ပန်းလိုင် ကျွန်းတွင် ပြောင်းလဲ ကျင်းပလိုက်ကြသည်။ အခမ်းအနားမှာ အမိန့်စာ အရခမ်းနားကြီးကျယ်၍ မရသဖြင့် လူအနည်းငယ် သာ တက်ရောက်ကြသည်။

ထို အကြောင်းအရာများမှ လွဲ၍ အရာရာတိုင်းသည် အတိတ်ဘဝက အတိုင်းသာ ဖြစ်ပေသည်။သူမအရင်ဘဝ က အတိုင်းပင် အခမ်းအနားမစတင်မီ အချိန်တွင် မိုးခြိမ်း၍ ကောင်းကင်တစ်ခွင်တွင် လျှပ်‌ရောင်သန်းလျှက် မိုးများ စတင် ရွာသွန်းလာတော့သည်။

ဧကရာဇ် နဉ် မှာ အံ့ဩမိသော်လည်း များစွာ ဝမ်းမြောက်နေလေတော့သည်။

"ငါတို့ရဲ့ ဆရာတော် ဝုနက ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ။မင်းသမီး ယွင်ရှန်းရဲ့ ပြည်သူတွေအတွက် မနားမနေ ဆုတောင်းပေးတာကို ကျေးဇူးတင် ရမယ်။ အချိန်အကြာကြီး မိုးခေါင်ပြီးတဲ့နောက်မှာတော့ ငါတို့ တိုင်းပြည်မှာ မိုးရွာ လာခဲ့ပြီလေ"

ဧည့်ပရိတ်သတ် တို့၏ မျက်နှာတွင် အပြုံးများ ဝေဆာ လျှက် ထပ်ခါတလဲလဲ ချီးကျူးစကား ဆို နေကြလေ တော့သည်။

"မင်းသမီး ယွင်ရှန်းရဲ့ ရိုးသားမှုက ဘုရားရှင်ကိုတောင် သတိထားမိသွားစေတာ ထင်တယ်။အဲ့ဒါကြာင့် ဒီနှစ် မိုးရွာပြီး နောက်ဆုံးတော့ပြည်သူတွေ သီးနှံတွေ အထွက်တိုးတော့မှာပေါ့ "

ယွင်ရှန်း မင်းသမီး ဟွာကျင်း၏ ဒေါသထွက်နေသော မျက်နှာကို လျစ်လျူရှု လိုက်ပြီး ညင်သာစွာ ပြုံးလိုက်ကာ

Legend Of Princess Yun Shang(MMTranslation)Opowieści tętniące życiem. Odkryj je teraz