စာစဉ် (၁) အပိုင်း (၁၄)

56 10 0
                                    

နန်းတော် အစောင့်တပ်သားမှ စားပွဲပေါ်မှ လက်ကောက်နှင့် ဆင်တူသည့် အခြားနှစ်ခုကို ထပ်မံယူဆောင်လာခဲ့၏။

္"ဘယ်လိုဖြစ်ရတာလဲ"

ယွင်ရှန်း မင်းကြီးအား မော့ကြည့်လိုက်ပြီးနောက်

"ခမည်းတော် သမီးတော်ရဲ့ လက်ကောက်တွေက ရှားပါးပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သမီးတော်လက်ကောက်နဲ့ ဆင်တူတဲ့ နောက်ထပ်နှစ်ခုက ထပ်ရှိနေရတာလဲ"

"အစေခံက ဘယ်မှာလဲ "

ဧကရာဇ်နဥ် မေးလိုက်သည်နှင့်
နန်းတော်စောင့်တပ်သားမှ သူ၏ လက်အောက်ငယ်သားအား အစေခံကို ရှေ့သို့ ခေါ်ဆောင်လာရန် အချက်ပြလိုက်လေသည်။
ကြောက်လန့်၍ ဖြူဖျော့နေသော အစေခံမလေးတစ်ယောက် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားလေ၏။သူမ တုန်လှုပ်စွာနှင့်

"ဧကရာဇ် ၊ မင်းသမီး သက်တော်ရာကျော်ရှည်ပါစေ"

ယွင်ရှန်း စကားမပြောမီ အစေခံမလေးအား သေချာစွာ စိုက်ကြည့်ပြီးသည်နှင့်

"ခမည်းတော် သမီးတော် သူ့ကို သိတယ်။ သမီးတော်ရဲ့ အဆောင်ကို သန့်ရှင်းရေးလုပ်ရတဲ့သူပဲ"

ဧကရာဇ် နဥ် ခေါင်းငြိမ့်လိုက်ပြီးနောက် အစေခံမလေးအား

"ဒီလက်ကောက်တွေကို ဘယ်ကရတာလဲ ပြောစမ်း"

အစေခံမလေးမှ တုန်ရီစွာဖြင့်

"အရှင်မင်းကြီး ကျွန်တော်မျိုးမ အဲဒီလက်ကောက်တွေကို မင်းသမီးရဲ့ အိပ်ဆောင်က ခိုးခဲ့တာပါ"

ယွင်ရှန်း မျက် မှောက်ကြုတ်လိုက်ပြီး

"ငါ့လက်ကောက်တွေကို ဘာလို့ ခိုးရတာလဲ"

"ကျွန်တော်မျိုးမ"

အစေခံမလေး အံကိုတင်းတင်းကြိတ်လိုက်ပြီးနောက်

"မင်းသမီး ဟွာကျင်း ခိုင်းလို့လုပ်ရတာပါ။ မင်းသမီးဟွာကျင်းက ကျွန်တော်မျိုးမရဲ့ မောင်လေးကိုဖမ်းထားပြီး မင်းသမီးယွင်ရှန်း ရဲ့ လက်ကောက်ကို ခိုးဖို့ ခြိမ်းခြောက်လို့ပါ။ကျွန်တော်မျိုးမ မလိုက်နာဘဲ မနေရဲပါဘူး။ ဒါပေမဲ့ မင်းသမီး ယွင်ရှန်းက ကျွန်တော်မျိုးမတို့အပေါ်မှာ အရမ်းကောင်းတော့
သစ္စာမဖောက်ချင်ခဲ့ပါဘူး။ ကျွန်တော်မျိုးမရဲ့ မောင်လေးကို ကယ်ဖို့အတွက် လက်ကောက်ကို ခိုးပြီး ကျွန်တော်မျိုးမရဲ့ မိသားစု ရတနာဆိုင်ကိုပို့ပြီး အတုလုပ်ခိုင်းခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်မျိုးမ လက်ကောက်ကို ပြန်ထားပေးဖို့ အခွင့်အရေး မရခဲ့ပါဘူး။"

Legend Of Princess Yun Shang(MMTranslation)Donde viven las historias. Descúbrelo ahora