စာစဉ်(၁) အပိုင်း(၁၀)

89 11 0
                                    

အဖြစ်အပျက်တွေ ပြီးသွားတဲ့နောက် နေမင်းကြီးသည် ပိုမို တောက်ပလာခဲ့သည် ဟု ယွင်ရှန်း ခံစားမိနေ၏။
သူမနှင့် ချင်းရီတို့နှစ်ယောက် ချင်ရှင်းနန်းဆောင်ရှိ ဥယျာဉ်ထဲတွင် ရှိနေပြီး ချင်းရီ ဒန်းလွှဲပေးနေရင်းဖြင့် သူမတို့ စကားပြောနေကြ၏။

"မင်းသမီး မင်းကြီးက ဒီကိစ္စကို ကိုင်တွယ်ဖို့ မိဖုရားရှု ကို လွှဲထားပေမဲ့ ဧကရီက လက်လွှတ်မယ် မထင်ဘူး ။ သူမသာ စုံစမ်းမယ်ဆိုရင် ကျွန်တော်မျိုးမ ကြောက်မိတာက ......"

ချင်းရီ နေ့ခင်းဖက်မှ အဖြစ်အပျက်များကို ပြန်တွေးမိသည်နှင့် အထင်ကြီးမိသွားသည် ။သူမ ဤရှစ်နှစ်အရွယ် မင်းသမီးလေး၏ လျို့ဝှက်ချက်များစွာကို ကိုယ်တိုင် ်တွေ့ဖူးခဲ့ပြီး ဖြစ်၏။ ယွင်ရှန်း ပြုံးလိုက်ပြီး

"သူမ လက်လွှတ်မှာ မဟုတ်ဘူး ။ ဒီရက်တွေအတွင်းမှာ တစ်ယောက်ယောက်က နင့်ကို လာပြီး စုံစမ်းလိမ့်မယ် ။ ဒါပေမဲ့ ဘာမှ ကြောက်စရာမလိုပါဘူး ။ ငါပြင်ဆင်ပေးထားတဲ့ အတိုင်းပဲဖြေလိုက် ။ ဒီကိစ္စ ငါပါတယ်ဆိုတာ သူမ ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး ။ ပြီးတော့ သက်သေတွေအားလုံးကလဲ ရှုရ နန်းဆောင်ဆီကိုပဲ ဦးတည် သွားလိမ့်မယ် ။အဲဒီလိုဖြစ်လာတာနဲ့ မိဖုရားကြီးက မိဖုရားရှုကို အလွတ်ပေးမှာ မဟုတ်ဘူး ။ ဒါဆို ငါတို့က လုံလုံခြုံခြုံနဲ့ သူတို့ အချင်းချင်း တိုက်ခိုက်တာကို ကြည့်နေလိုက်ရုံပဲ "

ချင်းရီ တိတ်တဆိတ်သာ ရပ်နေမိတော့သည် ။ နန်းတော်ဆိုသည်ကား လျို့ဝှက်ကြံစည်မှုများနှင့် တိတ်တဆိတ်ပူးပေါင်း ကြံစည်မှုများဖြင့်သာ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်ပေတော့၏။

မင်းသမီးလေးသည် အသက်ရှစ်နှစ်မျှသာ ရှိသေးသော်လည်း
ထိုအကြောင်းအရာများအား စေ့စေ့စပ်စပ် သေသေချာချာ နားလည်နေပေတော့သည် ။ ထိုအရာမှာ အကောင်းဖြစ်မည်လား အဆိုးဖြစ်မည်လား ဆိုသည်ကို သူမ မခွဲခြားနိုင်တော့ပေ ။

"ဒါနဲ့ ချင်းရီ စားဖိုဆောင်ထဲက လူတစ်ယောက်ယောက်များ စန္ဒကူးနံ့ ရမိကြသေးလား ? "

ထိုမေးခွန်းသည် ယွင်ရှန်းအား နေ့ခင်းဖက်မှ အကြောင်းအရာများကို ပြန်တွေးမိသွားစေသည် ။ ခွေးများအားလုံးသည် စန္ဒကူးနံ့ကို ရှုမိသည်နှင့် စတင်ရူးသွပ်လာတော့သည် ။ တာအိုဆရာတော်သည် သူမရှေ့သို့ လောင်ကျွမ်းနေသော အမွှေးနံ့သာတိုင်ကို ယူဆောင်လာရန် ကြိုးစားနေဆဲဖြစ်၏။ ထိုသို့ဆိုလျှင် စန္ဒကူးနံ့သည် ဆေးကို အဆိပ်အဖြစ် ပြောင်းပေးသော အထောက်အကူပစ္စည်းမှန်း ထင်ရှားလှပေသည် ။ သို့သော် လင်း ပြောပြခဲ့သည်ကား ကြက်ကလေးများ၏အစာထဲသို့ ဆေးထည့်လိုက်သည်နှင့် ရူးသွပ်သွားခဲ့သည်ဟုသာ ။

Legend Of Princess Yun Shang(MMTranslation)Tahanan ng mga kuwento. Tumuklas ngayon