စာစဉ်(၁) အပိုင်း (၅)

77 10 0
                                    

နေ့သစ်တစ်ခု စတင်ခြင်း

"မယ်တော် မယ်တော် "

ချီဝု နန်းဆောင် ပြန်ရောက်တာနဲ့ ဟွာကျင်း ဧကရီဘေးကို ပြေးသွားတော့တယ် ။

"အိပ်ယာထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား? ဒီမှာ ဘာလာလုပ်နေတာလဲ ? "

ဧကရီဘေးက အစေခံတွေကို ဟွာကျင်းက မောင်းထုတ်လိုက်ပြီး သူတို့ ထွက်သွားတာနဲ့

"မယ်တော် သမီးတော် ကြားတာ နိချန် နန်းဆောင် မီးလောင်သွားတယ်ဆို ။ဘယ်လိုဖြစ်သွားပြီလဲခု ။ အဲ့ ကောင်မစုတ်လေး မီးလောင် သွားပြီလား? "

ဧကရီ ဟာ နိချန်နန်းဆောင်ကနေ ပြန်လာတဲ့ချိန်တုန်းက ကြုံခဲ့ရတဲ့ စိတ်မချမ်းမြေ့ဖွယ် အတွေ့ကြုံတွေကြောင့် ဟွာကျင်း စကားကို ကြားတဲ့အခါ လှောင်ရယ်သံနဲ့

"မီးလောင်တယ် ။ပြောတာတော့ လွယ်လိုက်တာ ။သူမက နင့်အဖေရဲ့ သက်တော်စောင့် ကယ်ထုတ်ခံလိုက်ရပြီး တစ်ယောက်ယောက်က လုပ်ကြံတယ်လို့ အတည်ကြီး ပြောနေလို့ ငါ လွှတ်ထားတဲ့ လူတွေ အကုန်လုံး အဖမ်းခံလိုက်ရတယ် ။"

"ဘယ်လိုဖြစ်တာလဲ ? အဲဒီလူတွေက ယုံလို့ရရဲ့လား ?သမီးတို့ကို သစ္စာ မဖောက်ဘူးဆိုတာ သေချာပါ့မလား ? "

မိန်းမငယ်လေး တစ်ယောက်ဖြစ်တဲ့ ဟွာကျင်းအနေနဲ့ ဒီလိုကိစ္စတွေနဲ့ ကျင့်သားမရသေးတာကြောင့် ဧကရီ့ဆီက သတင်းကြားတဲ့အခါ ထိတ်လန့်ပြီး နေမထိထိုင်မသာ ခံစားနေရတယ် ။ ဧကရီက သူမက်ို အေးဆေးတည်ငြိမ်စွာနဲ့

"ငါ ရွေးထားတဲ့ လူတွေ အကုန်လုံးက သစ္စာရှိတယ် ။ သူတို့က လျှို့ဝှက်ချက်ကို ဖော်ထုတ်မဲ့အစား နှိပ်စက်ခံပြီးတော့ပဲ အသေခံသွားလိမ့်မယ် "

ဧကရီက ခေတ္တ တွေဝေနေပြီးတော့မှ

"ဒါပေမဲ့ ယွင်ရှန်းနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေသလိုပဲ ။ငါ့အမိန့်တွေကို မနာခံတာမဟုတ်ပေမဲ့ ဧကရာဇ်က အစေခံတွေကို ဖမ်းခိုင်းတုန်းက သူမ ......."

ဧကရီပြောတာကို ဟွာကျင်း ခဏလောက် စဉ်းစားနေလိုက်ပြီးမှ

"နေ့ခင်းတုန်းကလည်း သူ သမီးကို စကားမပြောဘူး ။သူ့ပုံစံကြည့်ရတာ တစ်ခုခုရဲ့ လွှမ်းမိုးတာ ခံနေရပုံပဲ ဒါပေမဲ့ သူမူမမှန်တာလဲ တစ်ခုမှလုပ်တာ မတွေ့မိပါဘူး ။အဲဒီရိုးအတဲ့ မိန်းခလေးနဲ့ ပတ်သက်ပြီး သမီးတို့ စိတ်ပူစရာမလိုဘူးလို့ထင်ပါတယ် ။ပြီးတော့ လျန်ရှင်း သမီးက်ိုပြောတာက သူမက မကောင်းဆိုးဝါးဖမ်းစားတာ ခံနေရတယ်တဲ့ ။သူတို့ ဘုန်းကြီးတစ်ပါးကို ပင့်ပြီးတော့ မကောင်းဆိုးဝါးနှင်တဲ့ အခမ်းအနား လုပ်ရမယ်လို့ ပြောနေတယ် မယ်တော် "

Legend Of Princess Yun Shang(MMTranslation)Waar verhalen tot leven komen. Ontdek het nu