စာစဉ်(၁) အပိုင်း(၇)

68 7 0
                                    

မျှော်လင့်ထားသကဲ့သို့ပင် နှစ်ရက်ကြာပြီးနောက် ဧကရီသည် နန်းတော်သို့ လူအချို့ ခေါ်ဆောင်လာခဲ့သည် ။အချိန်တိုအတွင်းတွင် နားလည်ရခက်သော ကိစ္စနှစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ယွင်ရှန်းကို မကောင်းဆိုးဝါး ဝင်ပူးနေသည်ဟု အခိုင်အမာပြောဆိုခဲ့သည် ။ပထမတစ်ခုအနေဖြင့် ယွင်ရှန်းသည် နန်းဆောင်ထပ်ခိုးမှ ပြုတ်ကျခဲ့ပြီး ဒုတိယအနေဖြင့် သူမနေထိုင်သော နန်းဆောင် မီးလောင်သွားခဲ့သည် ။ထို့ကြောင့် ယွင်ရှန်းအတွက် မကောင်းဆိုးဝါးနှင်ခြင်း အခမ်းအနားကျင်းပရန်အတွက် လင်းယွင် ဘုရားကျောင်းမှ ပညာရှိတာအိုဆရာတော် တစ်ပါးကို ဧကရီမွ လူလွှတ်ခေါ်ဆိုစေခဲ့သည် ။

ယွင်ရှန်း မနက္စာ စားပြီးသည်နှင့် ဧကရီရောက်ရှိလာသည် ။
မင်းသမီးငယ်လေးသည် တစ်မှေးအိပ်ရန် ဆုံးဖြတ်၍ စားပွဲမှထပြီး ပြတင်းပေါက်မှ ဖြတ်လျှောက်မိသည်နှင့် အမျိုးသမီးသက်တော်စောင့်များ ဧကရီအား ဂါရဝပြုနေသည်က်ို တွေ့လိုက်ရသည် ။
ယွင်ရှန်း သန်းဝေလိုက်ရင်း ချင်းရီအား မျက်ရိပ်ပြလိုက်သည်နှင့် ချင်းရီနန်းဆောင်မှ တိတ်တဆိတ်ထွက်သွားတော့သည် ။ ထို့နောက် ယွင်ရှန်း ဧကရီဆီ လျှောက် သွားလိုက်ပြီး

"မယ်တော် ဒီမှာဘာလုပ်နေတာလဲ ? အရမ်းဆူညံတာပဲ ။တစ်မှေးလောက်အိပ်မလို့ပါဆို ခုတော့ အိပ်လို့မရတော့ဘူး "
သူမဆိုလိုရင်းကို သဘောပေါက်ရန် သန်းဝေလိုက်သည် ။
ထို့နောက် မင်းသမီးဟွာကျင်းက

"ညီမတော် ညီမက မင်းသမီးငယ်တစ်ပါးလေ ။အထိန်းတော်တွေနဲ့ အမျိုးသမီးသက်တော်စောင့်တွေရှေ့မှာ ဘာလို့ အမူအရာနည်းနည်းလေးတောင် မစောင့်ထိန်းတာလဲ ? ညီမက်ို လောကကျင့်ဝတ်တွေသင်ပေးမယ့် အကြီးအကဲတွေ့သွားရင် ကောင်းတာတွေဖြစ်လာမှာ မဟုတ်ဘူးနော် "

ယွင်ရှန်းလှည့်ကြည့်လိုက်သည်နှင့် ဧကရီနောက်တွင်ရပ်နေသော ဟွာကျင်းအား တွေ့လိုက်ရသည် ။

ဟွာကျင်းသည် အပြာဖျော့ရောင် ဝတ်စုံက်ိုဝတ်ဆင်ထားပြီး ဝတ်ရုံဖျားတွင် မက်မွန်ပန်းပွင့်ပုံများထိုးထားသော အပါ်ဝတ်ရုံကို ဝတ်ဆင်ထားသည် ။ ခေါင်းတွင်း ကျောက်စိမ်းဆံထိုး ထိုးထားပြီး ငွေရောင်ပုတီးစေ့ ပန်းဖွားများ ဆံထိုးမွ တွဲလွဲကျနေသည် ။ အသက်ပြည့်တော့မည် ဖြစ်သောကြောင့် အရွယ်ရောက်မိန်းမပျိုတစ်ဦး၏ ခန္ဓာကိုယ်တည်ဆောက်ပုံများဖြစ်တည်နေ၏။

Legend Of Princess Yun Shang(MMTranslation)Waar verhalen tot leven komen. Ontdek het nu