စာစဉ်(၁) အပိုင်း (၁၅)

69 13 0
                                    

ယွင်ရှန်း နောက်တစ်နေ့ ညနေခင်း ရောက်သည်အထိ နှစ်ခြိုက်စွာ အိပ်မောကျနေတော့၏။သူမ နေ့လည်စာ စားပြီးရုံမျှသာလျှင် ရှိသေးသည်။ သူမ စူးရှသော လျှောက်တင်သံ တစ်ခု ကြားလိုက်ရ၏။

"အရှင်မင်းကြီး ကြွချီတော် မူလာပါပြီ "

ယွင်ရှန်း မတ်တပ်ရပ်၍ ဧကရာဇ်အား ကြိုဆိုလိုက်၏။ ဧကရာဇ်နဉ် သည်
ချင်ရှင်းနန်းဆောင် အပြင်ဖက်တွင်သာ ရှိသေးသော်ငြား သူ၏ အသံမှာ ခန်းမဆောင် အတွင်းသို့ လွင့်ပျံလာ၏။

"ရှန်းအာ ဆရာတော်ဝုနက ဒီနေ့ မိုးရွာမယ်လို့ ပြောတယ်မလား။ ဒါပေမဲ့ နေက ပူနေတာပဲ မိုးရွာမဲ့ အရိပ်အယောင်လဲ မတွေ့ဘူးရော်"

ယွင်ရှန်း ဧကရာဇ်အား

"စိတ်မပူပါနဲ့ ။ ဆရာတော် ဝုနက သမီးတော်ကို မမှောင်မချင်း မိုးရွာမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါသေးတယ်"

ဧကရာဇ်နဉ် ခန်းမဆောင်အလယ်ရှိ ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး မျက် မှောင် ကြုတ်၍ သက်ပြင်းချကာ

"သမီးတော်က နဉ်ကော ဘုရားကျောင်း ကိုသွားပြီး ဆရာတော်ဝုနရဲ့ မြင့်မြတ်တဲ့ အမိန့်တော်ကို ယူလာပေးခဲ့တယ်။ ဆရာတော်ဝုနကို လေးစားကြည်ညိုတဲ့လူ များတယ်ဆိုပေမဲ့ ဒီနေ့က ဟွာကျင်းရဲ့ အရွယ်ရောက် အခမ်းအနားဖြစ်နေတယ်။ အခမ်းအနား ကောင်းကောင်း တစ်ခုကျင်းပပေးဖို့က သူမရဲ့ ရပိုင်ခွင့်ပဲလေ။ ဒါပေမဲ့ ဒီ မြင့်မြတ်တဲ့အမိန့်တော်ကြောင့် အကုန်လုံးကို ရပ်ထားလိုက်ရတယ်။ မနေ့က ဟွာကျင်း အမှားလုပ်လို့ အကျယ်ချုပ်ချခံ ထားရတယ်ဆိုပေမဲ့ သူမကလဲ ဒီနိုင်ငံရဲ့ တော်ဝင် မင်းသမီး တစ်ပါးပဲလေ။ နောက်ပိုင်း မိုးရွာလာရင် အဆင်ပြေသွားမယ် ဆိုပေမဲ့ အကယ်၍များ မိုးမရွာလာခဲ့ရင် တစ်ချို့တစ်ချို့သော လူတွေက ဒီကိစ္စကို အကြောင်းပြုပြီးတော့ သမီးတော်ကို အပြစ်ရှာလာမှာ ခမည်းတော် စိတ်ပူတယ်။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် ဆရာတော်ဝုနကို အပြစ်တင်မဲ့အစား သမီးတော်က ဒီလိုဖြစ်လာအောင် ကြံစည်ထားတယ်လို့ ထင်ကုန်ကြလိမ့်မယ်။ "

ယွင်ရှန်း ကုလားထိုင်ပေါ်မှ ကိုင်းညွတ်လိုက်ပြီး စားပွဲခုံပေါ် လက်ထောက်ကာ
ဧကရာဇ်နဉ်အား ပြုံး၍

Legend Of Princess Yun Shang(MMTranslation)Où les histoires vivent. Découvrez maintenant