စာစဉ်(၁) အပိုင်း (၆)

73 8 0
                                    

ချင်ရှင်း နန်းဆောင်သည် ယွင်ရှန်း မျှော်လင့်ထားသကဲ့သို့ပင် ဖြစ်လာခဲ့သည် ။သူမက်ို ပျော်ရွှင် ကျေနပ်စေရုံသာမက သူမအေစခံမ်ားကို ခြံဝင်းအတွင်းရှိ အမြင့်ဆုံးသစ်ပင်တွင် ဒန်းတစ်ခုကိုပါ လပ်ုပ်ခိုင်းခဲ့သေးသည် ။ အားလပ်ချိန်တိုင်း မိန်းမငယ်လေးသည် မြင့်မားထည်ဝါသော သစ်ပင်ကြီးအောက်၌ အေးဆေးစွာ ဒန်းလွှဲနေလေ့ရှိသည် ။

"မင်းသမီးလေး "

ဒန်းစင်ထက်၌ အိပ်ငိုက်နေသူသည် ချင်းရီ၏ အသံဖြင့်နိုးခြင်း ခံလိုက်ရ၏။ ယွင်ရှန်း ချင်းရီအား အိပ်ငိုက်နေရင်းဖြင့်

"ပန်းထိုးထည်တွေယူတာ ဘာလို့ အဲ့လောက်တောင်ကြာနေရတာလဲ ? "

ယွင်ရှန်းနောက်နားသို့ မသွားခင် ချင်းရီ ဘေးပတ်ဝန်းကျင်သို့ ခေတ္တလေ့လာလိုက်သည် ။ဒန်းလွှဲပေးချင်ယောင်ဆောင်၍ မိန်းမငယ်လေးနားဆီသို့ တီးတိုဆိုလိုက်သည် ။

" အဲဒီကို သွားတဲ့လမ်းမှာ ကျွန်တော်မျိုးမ ရွ့ှဲရှင်း နဲ့ တွေ့ခဲ့ပါတယ် ။ သူမက ဧကရီက်ို သွားတွေ့ဖို့ဆိုပြီး ခေါ်သွားပါတယ် "

"အို "

ထိုသတင်းများသည် ယွင်ရှန်းအပေါ်တွင် အကျိုး သက်ရောက်ပုံ မပေါ်ပေ။ သူမ မျက်ခုံးအနည်းငယ်ပင့်၍

"ဧကရီက နင့်ရဲ့ သစ္စာတရားကို ငွေနဲ့ဝယ်ချင်တာလား ? "

ယွင်ရှန်း၏ အမျှော်အမြင်ရှိမှုက်ို အံသြနေရင်း ချင်းရီ ခေါင်း ငြိမ့်လိုက်သည် ။

"ဧကရီက စုံစမ်းထားပုံရပါတယ် ။သူမက ကျွန်တော်မျိုးမရဲ့ ဘဝတစ်ခုလုံးအကြောင်း သိထားပုံရပါတယ် ။သူမက ကျွန်တော်မျိုးမရဲ့ ဦလေးသာလျှင် တစ်ဦးတည်းသော ဆွေမျိုးဆိုတာလဲ သိထားပါသေးတယ် ။သူမက ကျွန်တော်မျိုးမတို့ သိပ်မရင်းနှီးဘူးဆိုတာတော့ သိပုံမပေါ်ပါဘူး ။ ပြီးတော့ ကျွန်တော်မျိုးမကို ငယ်ငယ်လေးထဲက နန်းတော်ကိုရောင်းစားခဲ့တာ ဦးလေး ကိုယ်တိုင်ပါပဲ ။ဧကရီ အစေခံတွေက အမှားလုပ်ခဲ့ပုံပါပဲ ။ သူမက ဦးလေးတို့မိသားစုက်ို ကျွန်တော်မျိုးမက နန်းတော်မှာကောင်းကောင်း အလုပ်လုပ်နေတာကြောင့် ဆုချီးမြှင့်ချင်လို့ဆိုပြီး နန်းတော်ကို မြှားခေါ်ခဲ့ပါတယ် ။ မိုက်မဲစွာနဲ့ပဲ ဦးလေးတို့မိသားစုက ဒီထောင်ချောက်မှာမိတော့တာပါပဲ ။ဧကရီက ဦးလေးတို့မိသားစုနဲ့ ကျွန်တော်မျိုးမကို ခြိမ်းခြောက်နေချင်ပုံပေါ်ပါတယ် ။ ရှင်းရှင်းပြောရရင် ဦးလေးတို့မိသားစု ဘာဖြစ်ဖြစ် ဂရုမစိုက်ပါဘူး ။ သူတို့မိသားစုကို ပြန်လက်စားချေဖို့ အစကတည်းက စီစဉ်ထားပြီးသားပါ ။ ဧကရီက ကျွန်တော်မျိုးမသာ သူမအတွက် အလုပ်လုပ်ပေးမယ်ဆိုရင် ရာထူးနဲ့ ငွေကြေးဥစ္စာတွေ ပေးမယ်လို့ ကတိပေးလိုက်ပါတယ် ။သူမက ကျွန်တော်မျိုးမ လိုချင်တာမှန်သမျှ ပေးမယ်လို့ ကတိပေးပါတယ် ။ဒါကြောင့် ကျွန်တော်မျိုးမလဲ သူမအတွက် အလုပ်လုပ်ပေးမယ်လို့ ကတိပေးလိုက်ပါတယ် "

Legend Of Princess Yun Shang(MMTranslation)Onde histórias criam vida. Descubra agora