စာစဉ်(၁) အပိုင်း(၈)

65 9 0
                                    


ဒီ တိရစ္ဆာန်တွေ ဘယ်ကနေ ဝင်လာတာလဲ ? သူတို့ကို ဒီကနေ မောင်းထုတ်ကြစမ်း …အား…"

ခွေးများအားလုံး ဝိုင်းကိုက်သံများ မဖုံးလွှမ်းသွားခင်အထိ  ဟွာကျင်း၏ ကြောက်လန့်တကြား အော်ဟစ်သံကိူ ကြားလိုက်ကြရ၏။

ယွင်ရှန်း သူမလည်ပင်းဆန့်၍ ချောင်းကြည့်လိုက်စဉ်တွင် ခြံဝင်းအတွင်း၌ ခြေဦးတည့်ရာပြေးနေကြသော လူအများကို သာ တွေ့ရပေသည် ။ ခွေးရိုင်းများစွာတို့က ခြံဝင်းအတွင်း သွေးရူးသွေးတန်း ပြေးလွှားနေကြပြီး ရံဖန်ရံခါ လူအချို့ကို ခုန်ကိုက်နေကြ၏။

တာအိုဆရာတော်သည် မြေပြင်ပေါ်လဲကျနေပြီး သူ၏မျက်နှာတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေပေတော့သည် ။ ဟွာကျင်း၏ဂါဝန်မှာလဲ စုတ်ပြဲနေပြီး မြေကြီးများနှင့် ရောနှောနေကာ သူမ၏လက်မောင်းမှ သွေးများယိုစိမ့်ထွက်နေသော ကုတ်ရာများကိုလဲ တွေ့နေရ၏။

ဇာမဏီသရဖူသည် ဧကရီဦးထိပ်တွင် ရွဲ့စောင်းနေပေတော့သည် ။သူမသည် ခြံဝင်းအတွင်းပြေးလွှားနေပြီး အစေခံများအား ခွေးများကို မောင်းထုတ်ရန် အော်နေတော့သည် ။ ယွင်ရှန်း သစ်ပင်ကြီး၏နောက်ကွယ်တွင် ပုန်းနေလျှက်ဖြင့်  အဖြစ်အပျက်တစ်ခုလုံးအား ပြုံးလျှက်ကြည့်နေပေတော့သည် ။

အစေခံနှင့် မိန်းမစိုးများက ခွေးများအား မောင်းထုတ်ပြီးသည်နှင့် သူမ ပုန်းနေရာမှ ပြေးထွက်လာပြီး ကြောက်ရွံ့နေဟန်ဆောင်ကာ

"မယ်တော် အစ်မတော် ဘာလို့ သူတို့တွေက လူတိုင်းကို လိုက်ကိုက်နေကြတာလဲ ? လာကြစမ်း အစေခံတွေ သူတို့ကို အပြင်ကို မောင်းထုတ်ကြစမ်း "

မိန်းမစိုးများနှင့် အစေခံများသည် ကျန်နေသော ခွေးများအား ရိုက်ပုတ်မောင်းထုတ်ကြပြီး မေ့မြောနေသော ခွေးများအား ခြံဝင်းအပြင်သို့ ရုတ်တရက်သယ်ထုတ်သွားကြတော့သည် ။
ခြံဝင်းအတွင်း၌ အရာအားလုံး တိတ်ဆိတ်နေပေတော့သည် ။ မြေပြင်တစ်ခုလုံးတွင် လူများစွာနှင့် သွေးစွန်းနေသော ခွေးစွယ်များ ရောနှောနေပေတော့သည် ။

သူမ အစေခံများ၏အကူအညီဖြင့် မင်းသမီးဟွာကျင်း နောက်ဆုံးတွင် မတ်တပ်ရပ်နိုင်သွားတော့သည် ။သူမခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေပေတော့သည် ။အထူးသဖြင့်ဆိုရလျှင် သူမ၏ ဖင် !
သူမဖင်တွင် စတုရန်းပုံဖြစ်အောင် ထိုခွေးများ ကိုက်ထားကြသည် ။ ရှက်စရာကောင်း၍ ဆတ်ဆတ်ထိမခံဖြစ်နေသော ဒဏ်ရာကြောင့် ဟွာကျင်း မလှုပ်ရှားဝံ့ပေ။

Legend Of Princess Yun Shang(MMTranslation)Opowieści tętniące życiem. Odkryj je teraz