👥️Chapter 56
“Challenge First Time” ကို ရိုက်ကူးမည့် B မြို့၌ ...
ယန်အန်းယု ယွီစစ်ယွမ်နှင့် တွေ့ခဲ့သည်မှာ လွန်ခဲ့သော တစ်နှစ်က နောက်ဆုံးဖြစ်သည်။
ထိုစဉ်ကစ၍ တစ်ဦးနှင့်တစ်ဦး မဆုံဖြစ်ကြတော့သည့်တိုင် သူတို့အကြားတွင် မြောက်များစွာသော “မကောင်းသည့် ပတ်သက်မှုများ” ရှိနေခဲ့သည်။
“လက်ဝှေ့ကျော်” ၌ စတန့်သမား မောင်ငယ်လေးအဖြစ် ပါဝင်ခဲ့သည့် ကိစ္စအပြင် .. နောက်ပိုင်းတွင် ယွီစစ်ယွမ်ထံ၌ အနုပညာလှုပ်ရှားမှုတစ်ခု ရှိလာချိန်တိုင်း ဥပမာအားဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုအတွက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ရန် သို့မဟုတ် ရှိုးအသစ်တစ်ခုကို ပရိုမိုးရှင်းဆင်းရန် ရှိလာလေတိုင်း .. ယန်အန်းယုနှင့် ပတ်သက်သည့် အကြောင်းအရာတစ်ခုခု ဖြစ်ပေါ်ကာ hot topic ထဲသို့ ရောက်သွားပြီး သူ၏ အနုပညာလှုပ်ရှားမှုများကို ဖိနှိပ်ခဲ့ပေသည်။
အနုပညာသတင်းများကို တင်ပေးသည့် ဝဘ်ဆိုဒ်များက ရံဖန်ရံခါတွင် လန်းဆန်းတက်ကြွကာ ချောမောခန့်ညားသည့် နတ်ဘုရားနေရာအတွက် မဲပေးမှုများ ပြုလုပ်လေတိုင်းလည်း ယန်အန်းယုသည် ယွီစစ်ယွမ်ထက် မဲရရှိမှု ပိုမို များပြားခဲ့ပေသည်။
သူသည် ပွဲဦးထွက်သည်ပင် မကြာသေးသည့် လူသစ်လေးတစ်ဦးမျှသာ ဖြစ်သော်ငြား လူထုအား လှုပ်ခတ်စေနိုင်စွမ်းမှာမူ ကြီးမားလှပေသည်။ ထို့ကြောင့် ယွီစစ်ယွမ်၏ ရင်ထဲတွင် တစ်ကြိမ်ပြီးတစ်ကြိမ် ဒေါသများ စုပုံကာ အစိုင်အခဲကြီးကြီးမားမား ဖြစ်ပေါ်လာတော့သည်။
သို့သော် .. သူသည် ယန်အန်းယုကို ပျက်စီးသွားစေရန် နောက်ကွယ်မှ အမျိုးမျိုး ကြံစည်ခဲ့သည့်တိုင် အသေးအဖွဲ ပြဿနာလေးများကိုသာ ဖန်တီးနိုင်ခဲ့၏။ မည်သို့ပင်ဖြစ်စေ ယန်အန်းယု၏ အစ်ကိုမှာ ရှန်းဟွမ်မီဒီယာ၏ ဥက္ကဌဖြစ်သူ ယန်ကျွယ့် ဖြစ်နေပေရာ လူထုတစ်ရပ်လုံး တုန်လှုပ်သွားစေနိုင်မည့် သတင်းအကြောင်းအရာမျိုး မဟုတ်သရွေ့ မည်သူကမှ သူ့ကို ထင်တိုင်းကြဲကာ ရန်စရဲလိမ့်မည် မဟုတ်ချေ။
YOU ARE READING
ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)
FantasyTitle ကို Description မှာထည့်ထားပါတယ် Unicode Only All credits goes to Original Author and E-Translators I hope u enjoy .