အပိုင်း - ၈

787 147 13
                                    

အပိုင်း - ၈

Double update. Please make sure to read the previous chapter.

သွမ့်ယဲ့လင် ထပြန်သွားသည်ကို မြင်တော့ ကုဖန်ဖေးလည်း ပြန်သွားရန် ပြင်လိုက်သည်။ သို့သော် သူမ ထရပ်လိုက်သည်နှင့် စင်ထက်မှ ရုတ်ရုတ်သဲသဲအသံများ ကြားလိုက်ရရာ လူအုပ်ကြီးကြား တိုးပြီး အတွင်းဘက် ပြန်သွားကြည့်လိုက်၏။ ထိုအခါ ချင်းယီးက ကြမ်းပေါ် တွန့်တွန့်လူးနေကြောင်း တွေ့လိုက်ရသည်။

"ကယ်...ကယ်ပါ...."

ချင်းယီးက ကုဖန်ဖေး၏လက်အား ကြမ်းတမ်းစွာ လှမ်းဆွဲလာ၏။ သူမ၏မျက်နှာ သုန်မှုန်နေလှကာ ထိုစကားများကို ပင်ပန်းကြီးစွာ ပြောနေရရှာသည်။ ကုဖန်ဖေးလည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ကာ အော်ပြောလိုက်၏။

"တစ်ယောက်လောက်!!!! တစ်ယောက်လောက် ဆရာဝန်ခေါ်ပေးကြပါရှင့်!!!!"

ထိုစဉ် စင်နောက်မှ ပြဇာတ်အဖွဲ့‌ေခါင်း‌ေဆာင် အမြန်ပြေးထွက်ကာ အခြေအနေအား လာကြည့်သည်။ တစ်ချက်ကြည့်ပြီးသည့်နောက် သူ မစိုးရိမ်ပါဘဲ ဒေါသပင် ထွက်သွား၏။

"ငွေတွေရှုံးအောင် လုပ်နေတဲ့ဟာမ!!! မင်း ထပ်ပြီး နေမကောင်းဖြစ်နေပြန်ပြီလား!!!"

ထိုစကားလုံးများက ကုဖန်ဖေးအား နာကျင်စေလှ၏။ သို့သော် ဤအချိန်တွင် သူမ စိတ်ဆိုး၍မဖြစ်သလို ပြန်တိုက်လိုက်၍လည်း မသင့်ပါ။ ထို့ကြောင့် အဖွဲ့ခေါင်းဆောင်ဘက် လှည့်ပြောလာ၏။

"ရှင်က ဒီပြဇာတ်ရဲ့ အဖွဲ့ခေါင်း‌ေဆာင်မလား။ ဘာလို့ ခုထက်ထိ အဲ့မှာ ရပ်နေတာလဲ။ သူ့ကို သမားတော်ဆီ ခေါ်သွားတော့လေ!!!!"

အဖွဲ့‌ေခါင်း‌ေဆာင်က ချင်းယီးအား တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ့အင်္ကျီလက်ထဲက တစ်စုံတစ်ခုကို အတန်ကြာ လိုက်နှိုက်ရှာလိုက်ကာ ဘေးနားရှိ တပည့်အား ပစ်ပေးလိုက်၏။

"ဆေးဆိုင်သွားပြီး အဖျားကျဆေး သွားဝယ်လာခဲ့"

ထို့နောက် ကျန်းရှန်းနှင့် ဟုန်နျဲန်ထံ အမိန့်ပေးလိုက်သည်။

"စင်နောက်ကို ပြန်ပြီး အနားသွားယူတော့"

ထိုနှစ်ယောက်လည်း စင်နောက်သို့ ပြန်သွားမည်လုပ်ရာ ကုဖန်ဖေးမှ ဝင်တားလာသည်။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now