အပိုင်း - ၂၃
ယနေ့ ဟယ့်မင်ဆေးခန်းသို့ သွမ့်ယဲ့လင် ရောက်လာသောအခါ တန်ဖိုးကြီးသည့် အားတိုးဆေးများကို တစ်ေသတ္တာပြီးတစ်သေတ္တာ ကုန်ကားများပေါ် တင်နေကြကြောင်း တွေ့လိုက်ရသည်။ ကြုံတောင့်ကြုံခဲ စီးပွားဖြစ်ထွန်းမှုကြီးပါပင်။
"ဘယ်ကနေ ရောက်လာတဲ့ ကြွယ်ဝခြင်းနတ်ဘုရားလဲ"
သူ မေးကြည့်လိုက်သောအခါ သမားတော်ဟူမှ မတ်တတ်ရပ်ပြီး ပြန်ဖြေလာ၏။
"ဒါတွေအကုန်လုံးကို မြို့ဝန်မင်းအိမ်ဆီ သွားပို့ရမှာပါ။ မြို့ဝန်မင်းက သိပ်ရက်ရောပါတယ်။ ဒီနှစ်ရက်အတွင်း သူ ဝယ်ယူလိုက်တဲ့ ဆေးဖိုးဆိုရင် ဆေးခန်းရဲ့ ခြောက်လစာဝင်ငွေ နီးနီးပါပဲ"
"သူကလား?"
သွမ့်ယဲ့လင် နှာခေါင်းရှုံ့လိုက်၏။
"အဲ့ဘိုးတော်က အဲ့လောက်အများကြီး သောက်နိုင်မှာတဲ့လား။ မသေမျိုးဖြစ်ဖို့ ကြိုးစားနေတာများလား"
"အယ်၊ ဗိုလ်ချုပ်ပြောတာ မှန်ေတာ့မှန်တယ်ဗျ။ ပထမတစ်ချက်က သူ့ဇနီးလေး အပြင်းအထန် နေမကောင်းရာကနေ နာလန်ပြန်ထလာလို့ အာဟာရဖြည့်ဖို့ လိုအပ်နေတာပါ။ ဒုတိယတစ်ချက်ကတော့ မြို့ဝန်မင်းနဲ့ သူ့ဇနီးလေး အဆင်ပြေသင့်မြတ်နေကြတော့ အားတိုးဆေးလိုမယ်ဆိုလည်း မဆန်းဘူးလေ"
သွမ့်ယဲ့လင် မျက်မှောင်ကြုတ်သွား၏။ ဤကိစ္စကို ရွှီဟန် တစ်ခေါက်ပြောပြဖူးသလိုပင်။
"သူ့ဇနီးဆိုတာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေခဲ့တဲ့တစ်ယောက် မလား။ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ မြန်မြန်ဆန်ဆန် လက်ခံအရှုံးေပးနိုင်သွားတာလဲ"
သမားတော်ဟူက မုတ်ဆိတ်ကို ပွတ်သပ်လျက် အဓိပ္ပာယ်ပါပါ ဆိုလာ၏။
"အရာရှိတွေနဲ့ လိုက်မပြိုင်ကောင်းဘူးဆိုတဲ့ စကားလိုပေါ့ဗျာ။ ဘယ်လောက်ပဲ အန်တုနေပါစေ၊ အဆုံးသတ်ရလဒ်က ထူးမခြားနားဘူး။ အဲ့လိုအာဏာရှင်တွေနဲ့ ဘာလို့ တကူးတက သွားတိုက်ခိုက်နေရမှာလဲ။ စောစော အညံ့ခံမှာလား၊ နောက်မှ အရှုံးပေးမလားပဲ ကွာသွားမယ်။ အနည်းဆုံးတော့ ဇိမ်ကျတဲ့ဘဝမှာ မပူမပင် နေရတာပဲဟာ။ဒီလောက်ကတော့ နားလည်ပေးလို့ ရနိုင်ပါတယ်ဗျာ"
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomanceTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)