အပိုင်း - ၉

1.5K 233 7
                                    

အပိုင်း - ၉

Triple update for today. Please make sure to read the previous chapters.

ရွှီဟန်က တစ်ဖက်လူ၏မျက်နှာအား ပုဝါဖြင့် ပွတ်တိုက်၏၊ ဆေးထုတ်၏၊ ပြီးလျှင် ထပ်ပွတ်၏။ ထိုအတိုင်း အကြိမ်ပေါင်းများစွာ လုပ်နေခဲ့ပြီးမှ ယောင်ယမ်းနီရဲနေမှုများ အတော်လေး သက်သာယုတ်လျော့သွားကာ ချင်းယီးလည်း ဖြည်းနှေးစွာ မျက်လုံးဖွင့်ကြည့်လာသည်။

"နိုးပြီ!!! နိုးပြီ!!!! ရှင်တယ်ဟေ့!!!ရှင်တယ်!!! "

အားလုံးက အံ့ဩဝမ်းသာစွာ လက်ခုပ်တီးလာကြသည်။

ချင်းယီးအား ဟုန်နျဲန် ထူပေးလိုက်ကာ နားထင်အား နှိပ်နယ်ပေးလာသည်။ ဟုန်နျဲန်ထံမှ ရှိုက်သံစွက်စွယ ဖြစ်ကြောင်းကုန်စင်အား ကြားသိရသောအခါ ရွှီဟန်ဘက် ခေါင်းညိတ်ပြကာ ပြောလာ၏။

"ကျေးဇူးတင်ပါတယ်၊ သမားတော်။ ဒီတစ်လျှောက်လုံး ကျွန်မရဲ့ရောဂါကို အမြဲ သတိချပ်ထားပေမယ့် ဒီကနေ့မှာတော့....ဒုက္ခထပ်ရောက်ခဲ့ပြန်ပါပြီ"

ရွှီဟန် မတ်တတ်ရပ်လိုက်ကာ အခြားပုဝါကို သုံးရင်း တည်ငြိမ်စွာ ပြောလာ၏။

"ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ခင်ဗျားရဲ့‌ေရာဂါက အတော်လေး ပြင်းထန်ဆိုးရွားတယ်။ အခု နွေဦးရာသီ ရောက်လာပြီဆိုတော့ ရှောင်ရှားဖို့ အတော်ခက်ခဲလောက်မှာ မဆန်းပါဘူး။ ဖန်ဖုန်း၊ ချိုင်ဟူ ၊ ဟေးမေ၊ ဝူဝေ့ဇီပါတဲ့ ဆေးကိုမှ လျန်ချောက်၊ ယင်ဟွား၊ ဂန်းချောင်၊ ဖူကုန်းယင်းပါ ကျွန်တော် ထပ်ထည့်ပေးမယ်။ များများစွဲသောက်ရုံနဲ့ အတော်‌ေလး သက်သာစေမှာပါ "

ထိုစကားကို ပြောပြီးသည်နှင့် ဘေးနားရပ်ကာ လည်ပင်းတဆန့်ဆန့်နှင့် လာရပ်ကြည့်သော အဖွဲ့ခေါင်းဆောင်အား  ရွှီဟန် သွေးအေးစွာ ကြည့်လာသည်။ ထို့နောက် ချင်းယီးဘက် ပြန်ကြည့်ကာ ဆို၏။

"ခင်ဗျားကို တခြားဆေးခန်းတွေ လက်မခံရင်တောင် ဟယ့်မင်ဆေးခန်းက လက်ခံပါမယ်။ ခင်ဗျားကို တခြားဆေးဆရာတွေ ကုမပေးရင်တောင် ဟယ့်မင်ဆေးခန်းက ကုပေးပါမယ်"

ဆူညံပွက်လောရိုက်မှုအပြီးတွင်‌ေတာ့ ထိုသူက ဟယ့်မင်ဆေးခန်းပိုင်ရှင်ဖြစ်ကြောင်း လူအများ မှတ်မိသွားကြရာ ရွှီဟန်အား သာ၍ပင် လေးစားကြည်ညိုသွားကြသည်။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now