အပိုင်း - ၆

1.6K 234 24
                                    

အပိုင်း - ၆

ပြဇာတ်သဘင်အ‌ေကြာင်း ဆိုရလျှင် စင်ပေါ်၌ ဖြစ်ပျက်သွား‌ေသာ ကိစ္စက စင်‌ေအာက်တွင်လည်း ဖြစ်တတ်၏။

သွမ့်ယဲ့လင် လက်ဖက်ရည်တစ်ကျိုက် သောက်လိုက်သည်။ ယခုလိုမျိုး စိတ်‌ေအးချမ်းမြေ့စွာ ပြဇာတ်နားမထောင်ရသည်ပင် အတော်ကြာမြင့်ခဲ့ချေပြီ။

အနောက်ခန်းဆောင်မှ ချစ်ခြင်းမှတ်လမ်းအား ဖျော်ဖြေသည့် ပိုင်ဟွားသဘင်သည်များမှာ လူသစ်များသာ ဖြစ်ကြသည့်တိုင် သူတို့၏အသံက နားဝင်ပီယံရှိကာ သာယာငြိမ့်ညောင်းလှသည်။ သူတို့၏ သီကြူးသံမှာ နှလုံးသားဝိညာဉ်အား ယားကျိကျိ လာရောက်ကျီစယ်နေပေ၏။

ဒုတိယသံစဉ်အား သီဆိုလာသောအခါ ဟုန်နျဲန်(အောင်သွယ်တော်)က ပိုးသားအနီစအား ဆွဲထုတ်ကာ  ကျူးရင့်လာ၏။

"ပျိုမဒီ‌ေလးရဲ့ ချစ်ခြင်းရွှမ်းတဲ့ မျက်ရိပ်ကဲကို ဘယ်ချိန်တွေ့မယ် မှန်းရခက်လှတယ်။ ချစ်သူသက်လှယ် အချိန်ရယ်မကြာ လျင်မြန်စွာ ဆုံဆည်းပါစေ။ အချင်းပြည့်စုံ ပညာဂုဏ်အပြည့်ဝဆုံး ယောက်ျားပျိုနဲ့ ဆုံဆည်းပါစေ။ နွေးထွေးကြင်နာ ချစ်တတ်လှစွာသော ပညာတတ်နဲ့ လှကညာပျိုတို့ ချစ်ကျွမ်းဝင်ကြတာ ရာစုနှစ်များစွာရဲ့ ဓလေ့ထုံးတမ်းတစ်ခုပါလေ "

ကုဖန်ဖေး အရောက်နောက်ကျသည်။

ထိုမိန်းမပျိုမှာ ဖက်ရှင်ကျလှကာ စကပ်ရှည်အား ဝတ်ဆင်ထားပြီး အပေါ်ရုံဝတ်ရုံအတိုတစ်လွှာ ခြုံလွှမ်းထားသည်။ ခေါင်းထက်တွင်လည်း ဦးထုပ်ပြားပြားလေးတစ်ခု ဆောင်းထားကာ လက်ထဲတွင်လည်း ပုလဲသီထားသော လက်ကိုင်အိတ်တစ်ခု ကိုင်ဆောင်ထား၏။ ထိုမိန်းမပျိုက သွမ့်ယဲ့လင်၏ မျက်နှာချင်းဆိုင်ခုံ၌ ဝင်ထိုင်လာသည်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ ဗိုလ်ချုပ်သွမ့်။ ကျွန်မနာမည် ကုဖန်ဖေးပါ"

သွမ့်ယဲ့လင် ခေါင်းညိတ်ပြလိုက်ကာ လက်ဖက်ရည်ကရားအား မ,ပြီး သူမအတွက် တစ်ခွက်ငှဲ့ပေးလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ မမလေးကု"

ကုဖန်ဖေး တစ်ကျိုက် သောက်လိုက်သည်။ ပြည်ပတွင် နှစ်‌ပေါင်းများစွာ ပညာသွားသင်ခဲ့ရသည်မို့ ကော်ဖီသောက်ရခြင်းကိုသာ ပိုပြီး အကျွမ်းတဝင်ရှိကာ လက်ဖက်ရည်ကို အရသာခံရာ၌ သူမ သိပ်မကျွမ်းပါ။  ပြဇာတ်စင်ပေါ် ထပ်ကြည့်လိုက်သောအခါ စင်ပေါ်ရှိ  ကျန်းရှန်းနှင့် ဆွေးယင်းယင်းက တစ်ယောက်ကိုတစ်ယောက် ချစ်ကျွမ်းဝင်နေကြလှသည်။ ဖြီးလိမ်းပြင်ဆင်ကာ အစွမ်းကုန်ခြယ်သထားသော ထိုသရုပ်ဆောင်များက  သီချင်းသီဆိုနေကြကာ သူတို့ ဘာသီဆိုနေကြမှန်း သူမ သိပ်နားမလည်ပါ။ ထို့ကြောင့် သွမ့်ယဲ့လင်ဘက် လှည့်ကြည့်လိုက်၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now