အပိုင်း - ၁၁

1.4K 216 10
                                    

အပိုင်း - ၁၁

Content warning - non-con.

ချင်းမင်ပွဲတော်ရက်၌ မိုး‌ေစွနေကာ လမ်းပေါ်ရှိ ခြေကျင်ဆလျှာက်ခရီးသည်များလည်း အရုပ်ကြိုးပြတ်ပမယ အသက်မဲ့၏။

ယခုလိုအချိန်မျိုးလျှင် နှစ်စဉ်နှစ်တိုင်း သွမ့်ယဲ့လင်က စစ်မြေပြင်၌ အတူဖြတ်သန်းရင်း အသက်ပေးအပ်သွားသော ရဲဘော်ရဲဘက်များအား အလေးပြုဖို့ စစ်သင်္ချိုင်းဆီ သွားတတ်သည်။ ထိုသင်္ချိုင်းတွင် အမှတ်အသားကျောက်တိုင် မရှိပါ။ ထို့ကြောင့် အကောင်းစားအရက်များ ဝယ်သွားကာ မြေပြင်ပေါ် ငှဲ့ချပြီးနောက် လက်ကျန်အရက်ကို မော့သောက်သည်။

ညအချိန် ကျင်းယန့်ခန်းဆောင်သို့ ပြန်ရောက်သောအခါ နေရာတိုင်း မီးထွန်းခွင့်တားမြစ်ထားသဖြင့် အပေါ်ထပ်က အစေခံမလေး လှမ်းမြင်မှ သွမ့်ယဲ့လင်အား အပြေးလာကြိုကာ ရှေ့မှ လမ်းပြသည်။

"ဗိုလ်ချုပ် လာတာကိုး။ မီးလွတ်အစားအစာ သုံးဆောင်ဦးမလားရှင်။ မီးဖိုထဲက ကြောင်အိမ်ထဲ ကျန်ပါသေးတယ် ။ သခင်ကြီးကတော့ သုံးဆောင်ပြီးသွားပါပြီ "

"သူ အိပ်‌ေနပြီလား"

"မအိပ်လောက်သေးဘူးထင်။ ဒီနေ့ ထူးဆန်းတယ်၊ သူ စောစော အိပ်ရာဝင်သွားတာပါ"

ကျင်းယန့်ခန်းဆောင်တွင် အစေခံများစွာ မရှိပါ။မိန်းကလေးနှစ်ယောက်နှင့် ယောက်ျား‌ေဘးနှစ်ယောက်သာ ရှိကာ အားလုံးကလည်း လွန်ခဲ့သောလေးနှစိတုန်းက အသစ်ခန့်ထားသော လူများ ဖြစ်သည်။  နှုတ်အတော်လုံပြီး အသက်ပေးဖို့ စာချုပ်ချုပ်ကာ ကတိပေးထားကြ၏ ။သူတို့သခင်ကြီးနှင့် ဗိုလ်ချုပ်ကြားက ဆက်ဆံရေးကို သိသော်ငြား အပြင်ဘက်၌ သွားပုပ်လေလွင့် သွားမပြောကြ။

ညစာစားပြီးသည့်နောက် သွမ့်ယဲ့လင်က အိပ်ခန်းသို့ တိုက်ရိုက်ပြန်လာ၏။ ချင်းမင်ပွဲတော်ညတွင် မည်သည့်အလင်းရောင်မှ ထွန်းငြိမထားပါ။ ထို့ကြောင့် အခန်းထဲ အလင်းရောင်မှိန်ဖျော့လှကာ ကံကောင်းစွာဖြင့်ပင် ညဉ့်သိပ်မနက်သေးသည်မို့ အနည်းငယ် မြင်နေရသေးသည်။

ထိုင်ခုံပေါ် လှဲနေသော လူရိပ်တစ်ခုအား ခပ်‌ေဝး‌ေဝးမှ လှမ်းမြင်‌ေနရလို့။ လက်တစ်ဖက်ကို ထိုင်ခုံပေါ်တင်ထားကာ လက်ထဲတွင်လည်း စာအုပ်တစ်အုပ် ကိုင်ထားသည်။ ထွက်သက်ဝင်သက်ကလည်း ပုံမှန်အတိုင်း ဖြစ်နေ၏။ သွမ့်ယဲ့လင်လည်း ခြေလှမ်းများကို နှေးကွေးစေလိုက်ကာ ဖြည်းနှေးစွာ ချဉ်းကပ်လိုက်သည်။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now