အပိုင်း - ၁၀

1.6K 239 5
                                    

အပိုင်း - ၁၀

ယခုတလော ဟယ့်မင်ဆေးခန်းထဲ အတော်လေး လူစည်နေသည်။ လူအများစုက ဒေါနရွက်များ ဝယ်သွားကာ အတော်များများက အဖျားဝေဒနာ ခံစားနေရသဖြင့် တစ်ကြိမ်ဆိုတစ်ကြိမ် ဆေးစာရင်းထဲ အဖျားပျောက်ဆေးပမာဏများစွာ ဆိုင်ထဲသွင်းလာလိုက် ဒလဟောကုန်သွားလိုက်နှင့် ဖြစ်နေ၏။

ဆေးကောင်တာ၌ ရွှီဟန် ဇာတိပ္ဖိုလ်‌ေစ့ထောင်းနေစဉ် ကုဖန်ဖေးက ချင်းယီးနှင့်အတူ ဝင်လာသည်။ ဝင်လာသည်နှင့် ချင်းယီးက ဒူးထောက်ကာ သူ့အား ရှိခိုးဦးညွှတ်လာရာ ရွှီဟန်က သူမအား ပြန်ဖေးမထားရ၏။ ထို့နောက် ဆေးသွားယူဖို့ ဆေးဆိုင်ဝန်ထမ်း‌ေနာက် လိုက်သွားရန် သူမအား မှာလိုက်သည်။

အပြင်လူ မရှိတော့သောအခါမှ ကုဖန်ဖေး ပြောလာသည်။

"လူကြီးမင်းရွှီ၊ ရှင်နဲ့ စကားနည်းနည်းပါးပါး ပြောချင်ပါတယ်။ ရှင့်ဘက်က အဆင်ပြေမလားရှင်"

ရွှီဟန်က ဇာတိပ္ဖိုလ်မှုန့်ကို သွန်ချကာ ဆီစိမ်စက္ကူထဲ ထည့်ထုပ်ပြီး အထုပ်သေးသေးများစွာ ခွဲ‌လိုက်သည်။ ထို့နောက် တစ်ခုချင်းစီ ထုပ်ကာ ကြိုးမျှင်ငယ်တစ်ခုဖြင့် ချိတ်ဆွဲ၏။

"အရှေ့ကျောင်းဆောင်ဆီ ကျွန်တော် ဆေးသွားပို့စရာရှိတယ်။ စိတ်မရှိရင် အဲ့ကို သွားရင်းနဲ့မှ လမ်းမှာ ပြောပြပါလေ"

ဆေးခန်းမှ ထွက်လာပြီးသည်နှင့် နှစ်ယောက်သား အရှေ့ဘက်အရပ်သို့ လျှောက်လှမ်းသွားကြ၏။

ယခုမှ ရွှီဟန်ကို ကုဖန်ဖေး သေချာကြည့်မိသည်။ ထိုသူက အတော်လေးချောမောကာ သူတကာထက်သာလွန်သော အရည်အချင်း ရှိ၏။ သို့သော် သွမ့်ယဲ့လင်နှင့် လူတစ်မျိုးတစ်စားတည်း မဟုတ်လောက်ကြောင်း သူမ ခံစား‌ေနရကာ ထိုနှစ်ယောက် မည်သို့ပတ်သက်ကြောင်းလည်း သူမ မသိပါ။ အသေးစိတ်ကိုလည်း မမေးရဲသော ကြောင့် ဆင်ခြေတစ်ခုအား ပရိယာယ်ကြွယ်စွာ ထုတ်သုံးလာ၏။

"မနေ့ညက လူကြီးမင်းရွှီရဲ့ စေတနာပြည့်ဝတဲ့ အဲ့ဒိအကူအညီဟာ ကျွန်မရဲ့နှလုံးသားကို လှုပ်ခတ်နိုင်ခဲ့ပါတယ်။ ဒီဟယ့်ကျိုးမြို့မှာ ရှင့်လို သဘောထားကြီးမားတဲ့လူမျိုး ရှိ‌ေနမယ်လို့ ထင်မထားဘူး"

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now