အပိုင်း - ၂၂
မိုးလင်းမိုးချုပ် တစ်နေ့တာမှာ ဒုံရင်းဒုံရင်းအတိုင်းသာ ဆက်သွားခဲ့ရာ ရက်အနည်းငယ်အကြာတွင်မူ မြို့ဝန်မင်းအိမ်မှ အိမ်တော်ထိန်းက ဟယ့်မင်ဆေးခန်းသို့ အပြေးလာကာ ရွှီဟန်ကိုမှ အထူးတလည်ရွေးပြီး လာခေါ်သည်။
ရွီဟန်လည်း ဆေးသေတ္တာယူကာ မြို့ဝန်မင်းအိမ်သို့ လိုက်သွား၏။
ဤတစ်ကြိမ် ပြဿနာေမွှသူမှာ ဝမ်းရုန်ဟော်မဟုတ်ပါဘဲ သူ၏ မယားငယ် အသစ်စက်စက်လေးသာ ဖြစ်ေပသည်။ စံအိမ်ထဲ သူမ ရောက်လာသည်မှာ ရက်ပေါင်းအနည်းငယ်သာ ကြာသေးကာ ပန်းလေးတစ်ပွင့်နှယ် လှသွေးကြွယ်လှသည်။ သူမမှာ မြို့အရှေ့ပိုင်းရှိ စားသောက်ဆိုင်တစ်ခုက ဗျပ်စောင်းတူရိယာမယ်ဖြစ်ကာ ဝမ်းရုန်ဟော်မှ အမှတ်မထင် တွေ့ရှိပြီး သူမအား သဘောကျသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမအား အတင်းအဓမ္မ ခေါ်လာကာ အိမ်ထဲ လှောင်ပိတ်ထားခဲ့ခြင်း။
သို့သော် ဗျပ်စောင်းတူရိယာမယ်ေလးမှာ အင်မတန်ကိုမှ ခေါင်းမာ၏။ နေ့တိုင်းဆိုသလို နံရံကို သူမခေါင်းနှင့် ဆောင့်ကာ ကြိုးကွင်းစွပ်ပြီး သတ်သေမည်ချည်း လုပ်နေသည်။ အသက်သာသေပါစေ ၊ ထိုယောက်ျားထံ လုံးဝ အရှုံးမပေးမည့် ပုံစံမျိုးဖြစ်၏။ ဝမ်းရုန်ဟော်လည်း သူမ၏ မျက်နှာလှလှလေးကို အတည် သဘောကျနေသည်ထင်၊ အမြဲတမ်း သူမအား လိုက်တားကာ သူမအား သေချာဂရုစိုက်ဖို့ ဘေးလူများထံ အမြဲမှာကြားတတ်သည်ဟု ဆို၏။
သို့သော် သေချင်နေသူမည်သည် သေေစနိုင်သောအခွင့်အရေးအား ရှာတတ်စမြဲ။ ဤမနက်ပိုင်းတွင် ထိုမိန်းမပျိုလွမ်ရှောင်တယ်က မည်သူမှ သတိမထားမိခင် ဖုဇီ(တိဝုတ်)ဟင်းချို ပန်းကန်လိုက်ကြီးအား သောက်လိုက်ရာ ယခု ခြေဖျားလက်ဖျား အေးစက်ကာ မျက်နှာသည်လည်း ပြာနှမ်းနေပြီဖြစ်၏။
ရွှီဟန် ရောက်သွားသောအခါ လွမ်ရှောင်တယ်၏ အခန်းသို့ ခေါ်ဆောင်သွားခြင်းခံရသည်။ ဝမ်းရုန်ဟော်က လက်ကို နောက်ပစ်ထားကာ ကုတင်ဘေးနား ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက် ချွေးေစးပင်စို့နေ၏။ ရွှီဟန်ကို မြင်သည်နှင့် သူ အော်ခေါ်လာသည်။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomansaTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)