အပိုင်း - ၁၂

721 119 4
                                    

အပိုင်း - ၁၂

ကျေးဇူးသိတတ်ခြင်းအား ကျေးဇူးပြန်ဆပ်ခြင်းဖြင့် သက်သေပြကောင်း၏။

ကုဖန်ဖေးမှာ လောကဝတ် သိတတ်နားလည်လွန်းကာ ပညာရည်ပြည့်ဝသော မိန်းမပျိုဖြစ်သည်။ သူမကို ရွှီဟန် ကူညီထားကြောင်း သိနေသည်မို့ ကျင်းယန့်ခန်းဆောင်သို့ အကြိမ်များစွာ လက်ဆောင်ပေးပို့၏။ သို့သော် တစ်ဖက်လူက တစ်ခါမှ  လက်မခံခဲ့။ ရွှီဟန်၏ အဖြေက ရိုးရှင်း၏။

"မလိုပါဘူး"

သို့သော် သူမ လက်မလျှော့ပါ။

ရက်အနည်းငယ်ကြာသောအခါ ကုဖန်ဖေးက အော်ပရာကောင်းကောင်းတစ်ခု နားဆင်ဖို့ အခွင့်အရေး ရှာတွေ့လာ၏။ ကုဖန်ဖေးက ရွှီဟန်အတွက် ဖိတ်ကြားလွှာတစ်စောင် ကူးပေးလာရာ ရွှီဟန်လည်း ထိုအခါမှ လက်ခံခဲ့သည်။

ထိုဖိတ်ကြားလွှာမှာ အင်မတန်မှ တန်ဖိုးရှိလှ၏။ မြို့ဝန်မင်း၏ အသက်ငါးဆယ်ပြည့် ‌မွေးနေ့ပွဲတွင် မြို့ဝန်မင်း၏ နေအိမ်၌ လီဟွားပြဇာတ်အဖွဲ့ လာရောက်ဖျော်ဖြေမည် ဖြစ်သည်။ မြို့ဝန်မင်းနှင့် ဖုန်းယွင်ကုန်သည်ကြီးများအသင်းမှာ ရင်းနှီးခိုင်မြဲသော ဆက်ဆံရေးရှိကာ ဤနှစ်များအတွင်း ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ ဆက်ဆံရေးဖြင့်စည်းစိမ်ချမ်းသာ တိုးပွားခဲ့ကြသည်။ ထို့ကြောင့် ကုဖန်ဖေးဘက်မှ ဧည့်သည်တစ်ယောက် ထပ်ခေါ်လာဖို့ အခက်သိပ်မတွေ့ပါ။

လီဟွားပြဇာတ်အဖွဲ့အကြောင်း ရွှီဟန် ပြောပြဖူးသည်။ ထိုစကားကို ကုဖန်ဖေးလည်း မှတ်သားထားရာ သူမဘက်မှ တကယ် အလေးထားကြောင်း သိသာလှစေ၏။

တစ်ဖက်ရှိ ရှောင်ထုန်ကွမ်းတွင်မူ လေထုအပူချိန် ရုတ်ချည်းထိုးကျကာ နွေဦးဖြစ်သည့်တိုင် ဆောင်းရက်ပမာ အေးစက်နေလှသည်။

ထွက်ပေါက်အားလုံးကို လုံခြုံရေးတင်းကျပ်စွာ ချထားကာ အားလုံး၏မျက်နှာထက်တွင်လည်း ကြောက်စရာကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရသည့်ပမာ။

သွမ့်ယဲ့လင်က သူ့ရုံးခန်းရှေ့ရပ်လျက် ‌ကျည်ဆန်‌ရာများပြည့်နေသည့် ထူထဲသော ဟွောင်ဟွားမုတံခါးကြီးအား ကြည့်‌ေနသည်။ သူ၏မျက်ဝန်းများမှာ ကျား သို့မဟုတ် ကျားသစ်တစ်ကောင်ပမာ ခက်ထန်ကြမ်းကြုတ်လှ၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now