အပိုင်း - ၂

2.2K 250 11
                                    

အပိုင်း - ၂

ဝူးရီးလမ်းသွယ်မှာ ဟယ့်ကျိုး၏ အိုဟောင်းသော လမ်းသွယ်တစ်ခုဖြစ်ကာ ရွှီအိမ်က ထိုလမ်းသွယ်ထဲ၌ပင် တည်ရှိ၏။

လွန်ခဲ့သောလေးနှစ်တုန်းက ရွှီအိမ်မှာ ရွှီအိမ် မဟုတ်သေးပါ။ သို့သော် ကျင်းကျာခန်း‌ေဆာင်ဟု ခေါ်‌ေဝါ်ခဲ့ကာ ရွှီဟန်၏ဦးလေး ကျင်းဟုန်ချန်း၏ နေအိမ်ဖြစ်၏။ ထိုဦးလေး သေသွားပြီးခါမှာမှ ကျင်းကျာခန်း‌ေဆာင်လည်း အမည်ပြောင်းကာ ကျင်းယန့်ခန်း‌ေဆာင်ဟု ခေါ်တွင်သမုတ်ခဲ့သည်။

နေအိမ်သို့ ပြန်ရောက်လာသည်နှင့် ရွှီဟန်က အစေခံမလေးအား စပါးလင်နှင့် စံကားပန်းခြောက် ခတ်ထားသော ချိုးရေနွေး ပြင်ပေးခိုင်း၏။ ရေချိုးသန့်စင်အပြီး အိပ်ရာပေါ် ထိုင်လိုက်ရုံသာ ရှိသေး၊ အခန်းတံခါးမှာ ခြေထောက်ဖြင့် ဒုန်းခနဲ အကန်ခံလိုက်ရကာ ထည်ဝါပြီး မာန်ပါလှသော ခြေသံနှင့်အတူ လူတစ်ယောက် ဝင်လာသည်။

အခန်းထဲ ဝင်လာပြီးသည်နှင့် သွမ့်ယဲ့လင်က အရာရှိဦးထုပ်အား ချွတ်လိုက်ကာ အပေါ်ရုံအား ထိုင်ခုံပေါ် တင်လိုက်သည်။ ထို့နောက် ကြယ်သီးတစ်လုံးပြီးတစ်လုံး ဖြုတ်ကာ ရွှီဟန်ရှိရာဘက် မမှိတ်မသုန် စိုက်ကြည့်လာ၏။

ရွှီဟန်မှာ ဖြူလွှလွှ ပိုးသားအိပ်ရာဝင်ဝတ်စုံကို ဝတ်ထားရာ ရင်ဘတ်၌ အနည်းငယ်ဟ‌ေနသဖြင့် ညှပ်ရိုးများကို မြင်‌ေနရစေသည်။ လက်ထဲတွင်လည်း ယွမ်ပြဇာတ်၏ ဂီတသံစဥ်စာအုပ်အား ကိုင်ထားကာ ၎င်းအား ခေါင်းငုံ့ဖတ်နေ၏။ သူ၏ဆံနွယ်များထက် ရေစက်အနည်းငယ် စွတ်စိုနေကာ ပခုံးထက်သို့လည်း သက်ခကျဆင်းသွားသဖြင့် ရေစိုအဝတ်မှာ အောက်ကအသားအား မြင်ရစေသည်။ ထို့နောက် ရွှီဟန်က ခေါင်းအနည်းငယ်မော့ကာ သွမ့်ယဲ့လင်အား ခံစားချက်ကင်းမဲ့လှသော မျက်ဝန်းများနှင့် ကြည့်လာ၏။ သွမ့်ယဲ့လင်၏ လည်ချောင်းထဲ ယားကျိကျိခံစားချက်များ ပေါက်ဖွားလာလို့။

ထို့နောက် ထိုသူက ရွှီဟန်ဆီ လျှောက်လှမ်းသွားကာ ဂီတစာအုပ်ကို ယူပြီး ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်။ လူကိုလည်း အိပ်ရာပေါ် လှဲချလိုက်ကာ အနိုင်ကျင့်ပြီး ဖိထားလို၏။ သို့သော်ငြား ရွှီဟန်က ရုန်းကန်လာ၏။

ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုးWhere stories live. Discover now