အပိုင်း - ၄
ဗြိတိသျှကောင်စစ်ဝန်ရုံးတွင် ကောင်စစ်ဝန်ဂျိမ်းစ်နှင့် သွမ့်ယဲ့လင်တို့ကြား အခြေအနေတင်းမာနေကြသည်။ ဘေးနားရှိ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အနေခက်ေနကြ၏။
ဟယ့်ကျိုးမြို့တွင် ဆိပ်ကမ်းသုံးခု ရှိရာ နိုင်ငံခြားသားများအဖို့ ဤမြို့ထဲ စီးပွားကူးသန်းမှု လာလုပ်လိုလျှင် ကုန်သည်ကြီးများအသင်း၏ ဤဥက္ကဋ္ဌသုံးယောက်ကို အားကိုးမှီခိုရမည်ဖြစ်သည်။ သို့သော် ထိုသူတို့က နိုင်ငံခြားသားဖြစ်ခြင်းတည်းဟူသော အချက်ကို အားက်ိုးကာ စစ်ဆေးမှုများစွာအား နှစ်ပေါင်းများစွာ ရှောင်ဖယ်ခဲ့သည်။ အချို့လူဆိုလျှင် မကောင်းသောရည်ရွယ်ချက်ဖြင့် မသန့်မရှင်းလုပ်ငန်းများ စတင်လုပ်ကိုင်လာကြပြီဖြစ်၏။
သွမ့်ယဲ့လင်၏ လက်ထက်မှာေတာ့ ပြဿနာအညွန့်အပွားများ ပေါ်လာပါက ၎င်းတို့ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။
ဂျိမ်းစ်မှာ အလွန်ကိုပင် ဒေါသထွက်နေ၏။
"လူကြီးမင်းသွမ့်၊ ကျုပ်တို့ရဲ့ ဗြိတိသျှသင်္ဘောတွေထဲ ဘာပြဿနာရှိနေလဲဆိုပြီး စုံစမ်းစစ်ဆေးခံရတာမျိုး တစ်ခါမှ မရှိဖူးပါဘူး။ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျုပ်တို့ လုံးဝ လက်မခံနိုင်ဘူး!!!! "
သွမ့်ယဲ့လင်က ခြေချင်းချိတ်လိုက်ကာ ပြန်ပြောလာသည်။
"ဒီနေ့ ကျုပ် လာတာ ခင်ဗျားတို့ဆီကနေ အမြင်တူမတူ လာညှိနှိုင်းဖို့ မဟုတ်ဘူး။ အသိပေးစရာရှိတာကို လာပြောပြတာ။ အခုကစပြီး ဆိပ်ကမ်းသုံးခုစလုံးမှာ ကြီးကြီးငယ်ငယ် ဘယ်သင်္ဘောမဆို စစ်ဆေးခံရမယ်။ ဘာအလံပဲ လွှင့်တင်ထားပါစေ၊ မရဘူးပဲ။ အရင်တုန်းက မစစ်ဘူးဆိုတာ အရင်တုန်းက ကိစ္စ။ ဒါပေမယ့် အခုကစပြီး စစ်ဆေးဖို့ လိုတယ်။ ကျုပ်ကိုက ပြောရဆိုရလွယ်တဲ့ကောင်စားထဲ မပါဘူး "
ဖန်ယွင့်ကုန်သည်ကြီးအသင်း၏ ဥက္ကဋ္ဌ ကုယွဲ့ရှန့်မှာ လက်ဖက်ရည်ခွက်အဖုံးကို ချထားလိုက်ကာ မျက်လုံးမှေးစင်းလျက် ကြားဝင်ဖျောင်းဖြရန် ကြိုးစားလာ၏။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomanceTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)