အပိုင်း - ၅
Trigger warning : Sexual assault.Read at your own risk.
ဤရုန်းကန်မှုမှာ ပင်ကိုမူရင်းကတည်းကပင် တရားမျှတမှု မရှိခဲ့ပါ။
သွမ့်ယဲ့လင်နှင့် အတူလာနေရန် ရွှီဟန် သဘောတူခဲ့သော်ငြား သွမ့်ယဲ့လင်နှင့် အတူလာနေရန် ဖိအားပေးခံခဲ့ရသည်ဟုလည်း ဆိုနိုင်ပြန်သည်။
ဆယ့်တစ်နှစ်သားအရွယ်တုန်းက သူ့အိမ်လည်း ပျက်စီးကာ မိသားစုဝင်လည်း သေဆုံးသွားကြရာ တောတောင်ရေမြေအထပ်ထပ်အား ကျော်လွှားပြီး ရှူချန်မြို့မှသည် ဦးလေးအိမ်ရှိရာ ဟန်ကျိုးသို့ ရွှီဟန် လာခဲ့ရသည်။ အခြားသူများ၏ ကြီးကြပ်စောင့်ရှောက်မှုအောက် သူ ခုနစ်နှစ်တာ ဆက်လက်နေထိုင်ခဲ့ရ၏။
ကျင်းယန့်ခန်းေဆာင်တွင် ချီယွမ်အမည်ရှိ ဥယျာဉ်ငယ်လှလှလေးတစ်ခု ရှိ၏။ ရွှီဟန် ငယ်စဉ်တုန်းက ချီယွမ်ဥယျာဉ်၏ ပုံတိုပတ်စများ မိခင်ဘက်မှ ပြောပြသည်ကို မကြာခဏ ကြားဖူးသဖြင့် စိတ်ကူးများစွာ ယဉ်ကြည့်ဖူးသည်။ သို့သော် ကျင်းယန့်ခန်းဆောင်နှင့် ချီယွမ်ဥယျာဉ်ထဲ တကယ်လာနေရသောအခါ လှပသည်မှန်သော်ငြား အတွင်းပိုင်း၌ ပုပ်အဲ့ဆွေးရိနေသော အဝတ်စုတ်ပမာသာ ဖြစ်ချေ၏။
လှပလေ ညစ်ေထးလေပင်။
ဤချီယွမ်ဥယျာဉ်ထဲတွင်ပင် သွမ့်ယဲ့လင် ရှိနေကာ ထိုသူ၏ ကျင်းဟုန်ချန်း ဖိတ်လာသော အထူးဧည့်သည်တော်ဖြစ်ေန၏။ အိမ်သို့ အထူးဧည့်သည်တစ်ယောက်ယောက် ရောက်လာတိုင်း ကျင်းဟုန်ချန်းက ရွှီဟန်အား ထိုသူတို့နှင့် ထွက်လာတွေ့ခိုင်းလေ့ရှိ၏။
ထိုနေ့တွင် သူ အိပ်မောကျသွားရာ ချိန်းဆိုထားသော အချိန်ကိုပင် ယွန်းသွားစေလုမတတ် ဖြစ်သွား၏။ ရွှီဟန်မှာ အင်္ကျီကြယ်သီးကိုပင် အကုန်မတပ်ရသေးဘဲ ဒရောသောပါး ထွက်လာရာ ကျောက်စရစ်ခဲများနှင့်လည်း ခလုတ်တိုက်မိမည်စိုး၍ ခေါင်းငုံ့ပြီး ခပ်သော့သော့ပြေးလာ၏။ မြေပြင်ပေါ်ရှိ ပျိုနီပန်းပွင့်ဖတ်များကိုလည်း နင်းခြေမိရာ စွဲမက်ဖွယ်ကောင်းသော ရနံ့များ ကပ်တွယ်စွဲငြိလာေစသည်။ ထိုအခိုက်အတန့်မှာပင် သူ သွမ့်ယဲ့လင်၏ ရင်ခွင်ထဲ ဗြုန်းစားကြီး ဝင်တိုက်မိခဲ့၏။
YOU ARE READING
ကြေးလှောင်ချိုင့်ထဲက ရွှေဆံထိုး
RomansTotal chapters - 173 + 4 Extras Strong and possessive gong + Cold and indifferent shou China's Republican era (around 1911 - 1949)