[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၁၂🦋
🦋 ~ 🦋 ~ 🦋
"အင်...ဟင်း..."
ရက်မြတ်ရဲ့ခေါင်းတစ်ခုလုံးကိုက်ခဲနေလျက် လူက မလှုပ်ချင်လောက်အောင် နွမ်းလျနေသည်။ကိုယ့်ကို တစ်ယောက်ယောက်က နောက်ကျောကနေ သိုင်းဖက်ထားတာကို ခံစားမိတာမို့ ကိုယ်ကို သူနဲ့မျက်နှာချင်းဆိုင်လှည့်လိုက်မိတော့...
"မဟာ"
ခပ်တိုးတိုးရွတ်မိသွားရ၏။အင်္ကျီဗလာနဲ့မဟာက အခုထိ အိပ်မောကျနေဆဲ။ဟုတ်သားပဲ မနေ့ညက ရက်မြတ်တို့နှစ်ယောက်သား အပီမူးကွဲပြီး လူမှန်းသူမှန်းမသိအောင် ပလပ်ကျွတ်ကုန်တာ။
ရက်မြတ်က အိပ်ရာမှထရန် ကြိုးစားကြည့်မိတော့ မဟာ့လက်ထဲကရုန်းမရ။အားသန်သော အဖုအထစ်တွေနဲ့သူ့လက်မောင်းကြီးနဲ့ ရက်မြတ်ကို ခပ်တင်းတင်းဖက်တွယ်ထားသည်။
မဟာ့ကို အခုလိုအနီးကပ်မြင်နေရခြင်းက စိတ်ကို တော်တော်လေးလှုပ်ရှားစေတာကို ရက်မြတ် ဝန်ခံရလိမ့်မည်။မဟာက အနီးကပ်ကြည့်လေ အကြည့်ခံလေ။မျက်နှာပေါ်ရှိ အစိတ်အပိုင်းတစ်ခုချင်းဆီကကို ဆွဲဆောင်မှုအပြည့်။မဟာ့ပါးလေးကို ခပ်ဖွဖွတို့ထိကြည့်မိတော့ ရက်မြတ်မှာ သဘောတကျပြုံးမိရ၏။
ပထမဆုံးချစ်ခဲ့ရသောသူ။အရိုးသားဆုံး ရင်ခုန်ခြင်းတွေနဲ့ အဲ့ဒီအချိန်တုန်းကပေါ့။
"ဟင် အင်း..."
"နိုးပြီပေါ့၊"
ရက်မြတ် စိုက်ငေးနေတုန်း မဟာကမျက်လုံးတွေပွင့်ဟလာပြီး ရက်မြတ်ကိုလည်းမြင်ရော လက်ကို ကပြာကယာရုတ်ကာ ထထိုင်သည်။အခုမှ ရက်မြတ်လည်း လွတ်လပ်တော့သည်။လူကို ဖက်ထားတာများ မတအား။
"နိုးတာကြာပြီလား၊"
"ကြာပေါ့ မင်းတအားဖက်လို့ မထရသေးတာ၊"
"ဆောရီး ကျွန်တော်က ဖက်လုံးကိုဖက်အိပ်နေကြဆိုတော့..."
မဟာက ရှက်နေပုံပင်။ကပြာကယာ အိပ်ရာမှကုန်းရုန်းထကာ အဝတ်အစားဝတ်ရန်ပြင်သည်။ရက်မြတ်ရဲ့ကိုယ်ပေါ်မှာက bathrobeအဖြူလေးရှိနေပေမယ့် သူ့မှာက underwearတစ်ထည်သာ။