ပြသနာက ဘယ်ကနေစသလဲဆိုရင် သူအချိန်ပိုင်းအလုပ်လိုချင်သည်ဆို၍ သူငယ်ချင်းကို အကူအညီတောင်းရာကနေစသည်။ အနောက်တိုင်းဝတ်စုံကိုဝတ်လာစေပြီး ထိုဘား ကိုဟန်ပါပါလျှောက်လာရာကနေစတင်သည်ဆိုရမည်။ ဝင်ရောက်သည့်အခါ ထိုဘားတွင် အနက်ရောင်ဝတ်စုံနှင့်လူတွေချည်း ရပ်နေတာကိုတွေ့လိုက်ရသည်။ သူ့မှာ မိခင်နှင့် ၃တန်းတက်နေသည့် ညီမလေးကြောင့်ရရာအလုပ်ကိုလုပ်ဖို့ရောက်လာခြင်းဖြစ်သည်။
“Welcome to the hell of happiness…”
“!!?...”
မီးရောင်စုံတွေကြားမှ ထင်းထွက်လာသည့် စဥ်မြင့်တစ်ခုကိုမြင်လိုက်ရသည်။ ဧရိယာအတော်ကျယ်ပြီး အနက်ရောင်ဝတ်စုံနှင့် လူသန်တွေတန်းစီကာ ရပ်စောင့်နေကြသေးသည်။ သူတို့ကိုလည်း အနောက်တိုင်းဝတ်စုံဖြင့်ဝတ်စေကာ ဘေးတွင်ရပ်နေစေတာ အတော်ကြာပြီ...။ ပတ်ပတ်လည်တွင်တော့ ရွှေရောင်ခုံတွေနှင့် အနောက်တိုင်းသူဌေးတွေဟာ ဟန်ပါပါထိုင်ကာ စောင့်မျှော်နေကြသည့်ပုံပင်..။
ဒါကို သူနားမလည်ပေ..။ ဘားဝန်ထမ်းလာလျှောက်တာကိုဘာလို့ဒီလောက်ကြီးကျယ်နေရသနည်း။“မင်းလည်း အလုပ်လာလျှောက်တာလား ..”
မာန် သူ့ဘေးကကောင်လေးကိုအသာလှည့်ကာမေးလိုက်သည်။ ထိုကောင်လေးက မျက်မှန်ကိုအသာပင့်ပြီး သူ့ကိုကြည့်လာသည်။
“ဟုတ်တယ်...”
"Hell of happiness ဆိုတာ ဘာကိုပြောတာလဲ..."
"ပျော်ရွှင်ခြင်းငရဲ..."
ရုတ်တည်နှင့်ဖြေလာသည့် ထိုလူကို မာန် အပြုံးနှင့်လှည့်ကြည့်လိုက်သည်။ သူဘာကိုသဘောခွေနေမှန်းမသိ ထိုလူမျက်နှာကိုမြင်တာနဲ့ သူရယ်ချင်နေသည်။
"ငရဲရဲ့ပျော်ရွှင်ခြင်းမဟုတ်ဘူးလား.... ခွီး!!..."
သူထိန်းမနိုင်ဘဲရယ်ချလိုက်သည့်နောက်မှာ ထိုကောင်လေးကလည်း မသိမသာလိုက်ပြုံးသည်။
“ဝတ်စုံကမိုက်သားဘဲနော်...”
သူဟာအနောက်တိုင်းဝတ်စုံကို ကြိုက်နှစ်သက်သူမို့လို့ သူပြုံးကာပင်ဆိုလိုက်မိသည်။ ထိုကောင်လေးကတော့ သူ့ကိုသက်ပြင်းချကာပင်တစ်ဖက်လို့လှည့်သွားလိုက်သည်။ ကသိကအောက်ဖြစ်ကာပင် နှုတ်ခမ်းလေးမဲ့ကာပင်တစ်ဖက်သို့ လှည့်လိုက်သည်။
အလုပ်တူတူလုပ်ရမဲ့တူတူ အဖော်လေးများရမလားလို့သာ စကားစလိုက်ခြင်းဖြစ်သည်။
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"