".!!!!....."
မာန် သူ့လက်ကို ဖမ်းကိုင်ပြီး ဆွဲခေါ်ရန်ပြင်နေသည်ကို ခံစားလိုက်ရသည့်နောက်မှာ သူမျက်လုံးအမြန်ဖွင့်လိုက်သည်။
ပြီးနောက် အနက်ရောင်လူတွေလက်ထဲမှ မိမိလက်မောင်းကိုအသာရုန်းယူလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။"ခွေးလို နွားလိုလာဆွဲနေတာဘဲ!..."
အရေးထဲ ခန္ဓာကိုယ်က နာပါတယ်ဆို မျက်နှာကိုနာအောင်ထပ်လုပ်သည့် ထိုဘိုးတော် ကိုသူတွေ့ချင်သေးသည်။
"!??...အမယ်... ကျုပ်ကိုကန်ပြီးတော့ အရှေ့မှာ ဟန်ပါပါထိုင်ရဲသေးတယ်ပေါ့ အဘိုးကြီး!!..."
သူ့ကိုရန်တွေ့နေသည့် ထိုကောင်လေးကို ဦးတိမ်လွှာ မျက်မှောင်ကြုတ်ကာပင် သက်ပြင်းချလိုက်သည်။ သူတကယ်ဘာကိုကြည့်ပြီး ငှားခဲ့တာလဲ...။
"ဒီအဘိုးကြီးက မင်းအသက်ကိုတောင်ဝယ်ထားတာ ခွေးကောင်ရဲ့..."
"!! ဘာကိုကျုပ်အသက်ကိုဝယ်!!!....."
ရန်ပြန်တွေ့နေသည့်ထိုကောင်လေးဟာ တစ်ခဏမျှငြိမ်ကျသွားပြီး အခုမှသိသွားဟန်ပေါ်သည်။အလုပ်သမားအင်္ကျီနဲ့တခြားစီကို ဘယ်လိုကြည့်ပြီး ထင်လိုက်တာလဲ သူတကယ်မသိ။
"ခင်ဗျားက အဲ့လိုဝတ်ထားတာကိုး... အထင်မှားလည်း မှားစရာဘဲလေ..."
"ကန်းနေလား... ဟိုမှာကြည့် ဘယ်မှာတူလို့လဲ..."
မာန် လက်ညိုးထိုးရာ အပြင်ဘက်ကိုကြည့်လိုက်သည့်နောက်မှာ သန့်ရှင်းရေးသမားတစ်ချို့ကိုတွေ့လိုက်ရသည်။ အရောင်က အနည်းငယ်မသိမသာလေးသာကွဲပြီး အလုပ်သမားကျ ကြယ်သီးတည့်တည့်၊ သူကျ တရုတ်ရိုးရာဝတ်စုံလို ဘေးတစောင်း...။
" ရုတ်တရပ်ကြည့်ရင် မှားနိုင်တာဘဲ... ပြီးတော့ကျုပ်က လူသားဘဲ တစ်ခါတလေမှားတတ်တာပေါ့..."
"အော်... တစ်ခါတလေပေါ့?... ငါသာအဲ့နေရာမှအစားမထိုးရင် မင်းကြောင့်သေနေလောက်ပြီလေ..."
"ဒါတော့ ခင်ဗျားနားလည်ပေးရမှာပေါ့ ကျုပ်က တစ်ခါမှသေနတ်တွေကြားမနေဖူးတာ ... လုပ်မိလုပ်ရာလုပ်မှာဘဲ..."
"ငါ့ပုံစံကဟာသဖြစ်နေတာလား ဘာလား.... မင်းဘယ်ကိုလာပြီး အဆင့်တန်းတူလိုလာပြောနေရတာလဲ..."
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"