"တောက်!... တောက်!... တောက်!..."
သားရည်ဖိနပ်၏လျှောက်လှမ်းသံက တည်ငြိမ်ကာ စိုစွတ်နေသည့် လမ်းကျဉ်းထဲကျယ်လှောင်စွာထွက်ပေါ်လာသည်။ မိုးရွာထားလို့ လမ်းတွေဟာ ဗွက်အိုင်တွေနှင့် စိုစွတ်ကာ ညစ်ပတ်နေသည်။ ညဘက်လို့တောင်ထင်ရသည့် ထိုနေရာသည် မြေအောက်အဖွဲ့အစည်းတွေ၏ အခြေချရာနေရာဖြစ်ပေလိမ့်မည်။
"ခလပ်!.. ခလပ်!..."
ပြတ်တောက်ပြတ်တောက်ဖြစ်နေသည့် အလင်းရောင်တွေအောက်မှာ လူတစ်ဦး တည်ငြိမ်စွာလျှောက်လှမ်းနေသည်။ အနက်ရောင်ဆံသားတွေဟာ မျက်လုံးဖုံးလောက်သည်အထိရှည်လျားပြီး ဖြီးထားခြင်းမရှိသည့် ဆံသားတွေဟာ ပုခုံးပေါ်အသာဝဲကျနေသည်။
"ဟေ့!.. ဘယ်ကကောင်လဲကွ!.."
"......."
လောင်းကစားနှင့် လူဆိုးလူမိုက်တွေစုနေသည့် ထိုလမ်းကြားထဲ အသံကြောင့် သူအသာရပ်လိုက်သည်။
အပြင်ကနေတောင်ကြားနေရသည့် အလောင်းစားဝိုင်းထဲကစကားသံတွေ၊ မူးရူးနေသည့်အထဲမှအသံတွေကို မျက်ခုံးအသာကြုတ်ရင်း နားမစွင့်မိအောင်ထိန်းနေပုံရသည်။"မင်းကိုငါဒီမှာမတွေ့ဖူးပါဘူး... ဘယ်မှာလဲ ဝင်ခွင့်ကဒ်..."
"......."
သူ့အရှေ့ရပ်ကာပြောလာသည့် ကြက်ဖကေနှင့်ကောင်ကို ထိုလူမော့မကြည့်...။ ရပ်မြဲတိုင်းရပ်၍သာ...။
ထိုကောင်လေးမှာ စီးကရက်ပါးစပ်နားထေ့ပြီး ခါးထောက်လိုက်သည်။ ထိုအနက်ရောင်ဂျက်ကတ်နှင့်လူကို အတော်လေးဒေါသထွက်နေပုံရသည်။"နားမလည်ဘူးလား ခွေးကောင်ရ!!.."
"......."
ဂျက်ကတ်၏ ကော်လံကိုဆောင့်ဆွဲလိုက်သည့်နောက်တွင်...။
"အားး!!!......"
ကော်လံကိုကိုင်တာနှင့်တစ်ပြိုင်နက် ထိုလူငယ်၏လက်ကောက်ဝတ်ဟာ သူ့လက်ထဲလိမ်ကွေးစွာရောက်ရှိလာသည်။ ဆေးလိပ်လေးမြေပေါ်ကျသွားရပြီး ထိုကောင်လေးမှာလည်း အလိမ်ခံထားရသည့် လက်နှင့် နာကျင်စွာအော်ဟစ်နေသည်။
"!! ဒီခွေးကောင်!!..."
ထိုအခါ သူ့အနောက်မှ သံတုတ်နှင့်ကောင်လေးတစ်ဦးဝင်ချသည့်အခါ သူကိုင်ထားသည့်လက်ကောက်ဝတ်ကို အသာလွှတ်ချပြီး ရှောင်လိုက်သည်။
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"