"Sunday 5pm New ကနေကြိုဆိုလိုက်ပါတယ်... ပျော်ရွှင်စရာပိတ်ရက်လေးမှာ ကောင်းကောင်းအနားယူခဲ့မယ်လို့ မျှော်လင့်ရပါတယ်.. ဒီနေ့မှာတော့ ကောင်းကင်ဟာ အရောင်မှိန်ပြီး လွမ်းမောစရာကောင်းနေပါတယ်..."
"ခလပ်!!.."
ကားပေါ်ပျံ့လွင့်နေသည့် အသံအစီစဉ်တစ်ခုဟာ ပိတ်ချခြင်းနှင့်အတူ အမှောင်ကျကာ ငြိမ်သက်သွားရသည်။ ဖြူလွလွလက်ခုံးပေါ်မှ အကြောစိမ်းတွေနှင့် လက်ဟာ စတီယာတိုင်ပေါ်မြဲမြံစွာကိုင်ထားလျက်...။
ဘေးမှန်ကိုအသာချလိုက်သည့်နောက်မှာ ခပ်အေးအေးလေစိမ်းဟာ ပါးပြင်ထက်အရှိန်ပြင်းစွာရိုက်ခတ်သည်။ ညိုလွလွမျက်ဝန်းဟာ ကောင်းကင်ကို မျက်မှောင်ကြုတ်စွာ မော့ကြည့်လိုက်သည်။
ကြည်လင်ခြင်းမရှိသည့် ကောင်းကင်ဟာ မကောင်းသည့်နမိတ်တစ်ခုလိုရောက်ရှိလို့လာပုံရသည်။မင်းအာဏာသျှမ်း ကားအရှိန်ကိုလျော့ပြီး လမ်းမထက်သို့ ဖြည်းညင်စွာမောင်းနှင်နေသည်။ သူ့မျက်ဝန်းတွေဟာ လန်းဆန်းခြင်းမရှိသလို သူ့ပုံစံဟာလည်း ဝတ်စုံပြည့်နှင့် သပ်ရပ်ခြင်းမရှိ...။
"........."
သူ့အတွေးတွေနှင့် စိတ်တွေဟာ တည်ငြိမ်ခြင်းရှိမည့်ပုံမဟုတ်...။ တစ်ခုခုကို အလိုမကျဖြစ်နေဟန်ရှိသည်။
"အာဏာ" မိသားစုရဲ့ တစ်ဦးတည်းသောသားတစ်ယောက်အနေနဲ့ မိသားစုဂုဏ်ယူအောင်အမြဲကြိုးစားနေတဲ့ သားတစ်ယောက်...။ အရာရာအားလုံးထပ် သူ့အလုပ်ကို သူပိုအလေးထားတဲ့ လူတစ်ယောက်က အမှားသေးသေးလေးကတောင် သူ့စိတ်ကို ပျက်စီးစေတာမျိုး...။VV လေလံပွဲအကြောင်းကို ပြန်တွေးကြည့်လိုက်တဲ့အခါ သူ့ရဲ့ အားနည်းချက်ကို သူပြန်မြင်လာရသည်။ အထူးသဖြင့် သူ့ရဲ့ အားနည်းနေသေးတဲ့ သုံးသပ်ခံယူချက်တွေ...။ ဒါဟာ သူ့ကို စိတ်ဓါတ်အကြီးအကျယ်ကျစေသည်။
"........"
အံ့ကြိတ်ထားသည်ကြောင့် သူ့မှေးရိုးတွေက တစ်စတစ်စနာကျင်စပြုလာခဲ့ပြီ...။ ဘယ်လိုဘဲတွေးတွေး သူ့အမှားဆိုတာကလွဲပြီး ဘာအဖြေမှမရ...။
လမ်းတစ်လျှောက်လုံးအတွေးတွေနှင့် မောင်းနှင်ပြီးသည့်နောက်မှာ ကုမ္ပဏီသို့ရောက်လာခဲ့သည်။
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"