"ဝုန်း!!..."
ပစ္စတိုသေနတ်ကို ဖန်စားပွဲပေါ်တင်လိုက်သည့်နောက်မှာ မာန် ကိုယ်လေးတုန်တက်ကာလန့်သွားရသည်။ အဖြူရောင် ဟော်ဘီမှည ဖိနပ်ရာကထင်းခနဲ...။ ဟိုတစ်ကွက်ဒီတစ်ကွက်နှင့် သဲတွေပေကြံနေသေးသည့် မျက်နှာဟာ မျက်နှာငယ်နှင့်...။
"ခိုးထွက်ရင်လည်း ပီသအောင်လုပ်မှပေါ့ မအေဘေးရဲ့!!.."
"ဘာကိုမပီသလို့လဲ..."
ဦးတိမ်လွှာ ဟာဆိုဖာပေါ်ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့ရှေ့မှာ ဒူးထောက်နေသည့် မာန့် ကိုဒေါသတကြီးကြည့်နေလိုက်သည်။
"အပြင်ခိုးထွက်ပါတယ် ဆိုမှ အဖြူရောင်သုံးရလား?.. မင်းဦးနှောက်ကိုဘယ်မှာသွားထားတာလဲ!..."
မာန့် ရဲ့ခေါင်းကို လက်ညိုးနှင့်အသာထိုးရင်း ပြောလိုက်သည်။ တကယ်လည်း ထိုကောင်လေးဟာ သောက်တလွဲ..။ ခိုးထွက်ဖို့ပြင်ထားရင်လည်း မမြင်သာတဲ့ အနက်လေးဘာလေးသုံးမှပေါ့ ။ အခုက အဖြူထင်းထင်းကြီးကို ဝတ်ပြီး ထွက်တာတဲ့...။
"ညကအေးတယ်လေ!.. ခင်ဗျားပေးထားတဲ့ အနက်တွေကလည်းဝတ်မှမဝတ်ချင်တာ!.. "
"အဲ့ဒါမင်းအကြောင်းလေ!.. ဘာတဲ့!.. သော့တွေ CCTV တွေကိုကျော်ပြီး ခိုးထွက်ရတဲ့အကြောင်းက အဲ့သောက်ဂိမ်းဆော့ဖို့အတွက်တဲ့လား... တကယ့်သောက်ကျိုးနည်းတဲ့အကောင်!!..."
"!!........."
ဒေါသတကြီးပြောနေသည့် ဦးတိမ်လွှာ ကို မာန် အသာမော့ကြည့်လိုက်သည်။ သူ့ခဗျားလည်း ဘာလုပ်လို့လုပ်ရမလဲမသိ။ သူတောင်ဘက်စခန်းကိုသွားရတဲ့အကြောင်းက ဆေးလိပ်သောက်ဖို့နဲ့ ဂိမ်းဆော့ဖို့ဘဲရှိသည်။ ပြီးတော့ သူဖောက်ထွင်းခဲ့ရင်တောင် လွတ်ဖို့ မသေချာသည့် ပိုင်နက်ဖြစ်နေသေးသည်။
"ခင်ဗျားကဘာလို့ အသည်းအသန်ဖြစ်နေတာလဲ... ခင်ဗျား ပိုင်နက်ထဲကျုပ်လွယ်လွယ်ထွက်လို့ရမယ်ထင်နေတာလား... "
"ထွက်မရလို့သာဘဲ တောင်ဘက်စခန်းထိကိုရောက်သွားတာလေ မြေနိုးရဲ့!!.."
"ခင်ဗျားက အော်ဖို့ဆိုတာချည်းဘဲ... အသည်းနုပါတယ်ဆို.... ဟင့်!..."
YOU ARE READING
My Strange Bodyguard
General Fictionငါ့ရဲ့ထူးဆန်းတဲ့ ကိုယ်ရံတော်? "သောက်ကျိုးနည်း!!!"